
ပဲခူး စက်တင်ဘာ ၁၃
လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ် ရောက်ရှိစေပြီး နိုင်ငံကိုအကျိုးပြုမည့် နိုင်ငံ့သား ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ် ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသ ကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း လူငယ် ရေးရာအခန်းကဏ္ဍများနှင့် ခရိုင်နှင့် မြို့နယ်လူငယ် ရေးရာကော်မတီဝင်များ ဖွဲ့စည်းနိုင်ရေးနှင့် ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသ ကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် များက လူငယ်ရေးရာများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်