နိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အခက်အခဲဖြစ်ပေါ်ပါက ချေးငွေများထုတ်ချေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးမည်

 

နေပြည်တော်    အောက်တိုဘာ     ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သည်    ယနေ့နံနက်ပိုင်းတွင်    ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ    အသေးစား၊    အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား  ပြည်မြို့ရှိ   သီရိခေတ္တရာ  ရတနာပုံမြို့တော်ခန်းမ၌   တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။

 


တက်ရောက်


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ  ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊   ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ  ကံဇော်၊  ဦးကိုကို၊  ဦးတင်ထွဋ် ဦး၊  ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦးနှင့် ပဲခူးတိုင်းဒေသကြီး    ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ် ကြီး မောင်မောင်အေး၊       ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်  တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်    အလတ်စား     စီးပွားရေး   (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 
လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က  ပဲခူးတိုင်းဒေသကြီးအတွင်း  ဆောင်ရွက်လျက် ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကုန်ထုတ် လုပ်မှု  လုပ်ငန်းများနှင့်  ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများသို့ ချေးငွေ များ ထုတ်ပေးထားမှု၊ သင်တန်းများ ကဏ္ဍအလိုက် ဖွင့်လှစ်လျက်ရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ် လုပ်နိုင်ရေး  ခေတ်မီစက်ကိရိယာများ  သုံးစွဲနိုင်ရန်  ဆောင်ရွက်လျက်ရှိမှု၊     ဈေးကွက်ရရှိရေးအတွက် ထုတ်ကုန်ပြပွဲများ   ကျင်းပရန်    ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်  ပြည်ခရိုင်စိုက်ပျိုးရေး သွင်းအားစု လုပ်ငန်းရှင်များအသင်း   ဒုတိယဥက္ကဋ္ဌ   ဦးမင်းမင်း  ထွန်း၊  ပြည်ခရိုင်  ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ    ဦးဇော်ထက်ပိုင်နှင့်     ပြည်ခရိုင်အတွင်းရှိ အသေးစား၊   အငယ်စားနှင့်  အလတ်စား   (MSME)  လုပ်ငန်းရှင်များဖြစ်ကြသည့်   ဦးလင်းအောင်ထွေး၊ ဒေါက်တာ  နေလင်းအောင်၊ ဦးရဲလင်းဦးနှင့် တက် ရောက်လာကြသည့် လုပ်ငန်းရှင်များက  စိုက်ပျိုးရေး တောင်သူများသို့       စိုက်ပျိုးရေးသွင်းအားစုများ  ရောင်းချဖြန့်ဖြူးပေးလျက်ရှိမှု၊ အဓိကသွင်းအားစု  ဖြစ်သည့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရရှိရေး ဆောင်ရွက်ပေးရန်  လိုအပ်မှု၊  ဆန်များကို  ဈေးနှုန်းသက်သာစွာဖြင့်      ရောင်းချပေးလျက်ရှိမှု၊ စပါးစိုက်ပျိုးရေးအတွက် ရင်းနှီးမတည်ငွေများကို  နိုင်ငံတော်မှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေး ပေးရန်လိုအပ်မှု၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ များရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက် သည့်ဒေသဖြစ်ပြီး  ယခင်က  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုနှုန်းမြင့်မားသည့် ကာလအတွင်း ခရီးသွား လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်ခဲ့မှု၊ ရောဂါကူးစက်မှု နှုန်းများ ကျဆင်းလာချိန်တွင် ခရီးသွားလုပ်ငန်းများ  ပြန်လည်ကောင်းမွန်လာမှု၊   ဟိုတယ်နှင့်   ခရီးသွား ကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမှု များနှင့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးရန် လိုအပ်မှု၊  အထင်ကရနေရာများရှိ လမ်းညွှန်ဆိုင်းဘုတ်များကို  အင်္ဂလိပ်-မြန်မာ  နှစ်ဘာသာဖြင့် ထင်ထင်ရှားရှား တပ်ဆင်ပေးရန်   လိုအပ်မှု၊    ကိုဗစ်ကာလအတွင်း ချေးငွေရယူထားသည့်    MSME   လုပ်ငန်းရှင်များ အနေဖြင့်   အခက်အခဲများ   ဖြစ်ပေါ်လျက်ရှိသဖြင့်  နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည့် ကာလအား  တိုးမြှင့်သတ်မှတ်ပေးစေလိုမှုနှင့်   ရင်းနှီးမြှုပ်နှံငွေ များ ဆက်လက်ဆောင်ရွက်ပေးစေလိုမှု၊ ဆီထုတ်လုပ် မှုလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိမှုနှင့်   ဆီထွက် သီးနှံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို အသုံး ပြု၍    မွေးမြူရေးလုပ်ငန်းများ    ဆောင်ရွက်နိုင်မှု၊ ဆီများ   အရည်အသွေးပြည့်မီစွာ  ထုတ်လုပ်နိုင်ရေး ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများ လိုအပ် မှု၊  နိုင်ငံတော်မှ  ဆီထုတ်လုပ်မှုလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်းအတွက်  ဆီလုပ်ငန်းရှင်များအနေဖြင့်  ကျေးဇူးတင်ရှိမှု၊  စက်မှု လုပ်ငန်းများအတွက်  ကူညီပံ့ပိုးမှုများ  ဆောင်ရွက် ပေးရန်လိုအပ်မှုနှင့် စက်သုံးဆီများ ဈေးနှုန်းသက်သာ စွာဖြင့် ရရှိရန်လိုအပ်မှု၊ သံထုတ်လုပ်မှုအတွက် သတ္တု ကုန်ကြမ်းများနှင့်   အခြားဆက်စပ်ပစ္စည်းများကို  နိုင်ငံတော်မှ   သက်သာသောဈေးနှုန်းဖြင့်    ရောင်းချ ပေးစေလိုမှု၊    အရည်အသွေးပြည့်မီသည့်   သံများ ထုတ်လုပ်နိုင်ရေး    နည်းပညာများ     မျှဝေပေးရန် လိုအပ်မှု၊ ပန်းပုလုပ်ငန်းများအတွက် ကုန်ကြမ်းများ လိုအပ်လျက်ရှိသဖြင့်  ထုတ်လုပ်မှုများ  အခက်အခဲ ဖြစ်ပေါ်လျက်ရှိမှုတို့နှင့်ပတ်သက်၍  တင်ပြဆွေးနွေး ကြသည်။

 


လုပ်ငန်းရှင်တစ်ဦးချင်း၏ တင်ပြချက်များအပေါ် 
ပြန်လည်ရှင်းလင်းဖြည့်စွက်ဆွေးနွေး 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ တစ်ဦးချင်း  တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးရာတွင်   ခရီးသွားကဏ္ဍကို   မိမိ အနေဖြင့်အားပေးပြီး   ပြည်ဒေသတွင် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများနှင့်   ထင်ရှားသည့်   ဘုရား များစွာတည်ရှိကြောင်း၊ ရထားခရီးဖြင့် အဆင်ပြေစွာ  သွားလာနိုင်ရေးအတွက် ရထားလမ်းအဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တစ်ချိန် တွင် လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ရထားများ  ပြေးဆွဲနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ခရီး သွားလုပ်ငန်း အထောက်အကူပြုရန် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း၊ ဒေသသန့်ရှင်းသာယာလှပရေး  အတွက် တာဝန်ရှိသူများအနေဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊       ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးရန်နှင့် ကမ္ဘာလှည့်ခရီးသွား များနေထိုင်ရန်   သင့်တော်သည့်   တည်းခိုနေရာနှင့် ခေတ္တအနားယူသည့်    နေရာများကို     စနစ်တကျ တည်ဆောက်ရန်လိုကြောင်း၊ အစားအသောက်များ ကိုလည်း ယခုထက်ပိုမိုသန့်ရှင်း သပ်ရပ်ကောင်းမွန် အောင်ဆောင်ရွက်၍   ပြည်တွင်း၊  ပြည်ပခရီးသွား များကို    ဆွဲဆောင်နိုင်ရန်     ဒေသခံများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရုရှားနိုင်ငံမှ  ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ရေး   ဒေသအလိုက်   ရုရှား-မြန်မာ   ချစ်ကြည်ရေး အသင်းများ    ဖွဲ့စည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ လမ်းညွှန်အမှတ်အသားများ ကောင်းမွန်ရေး အတွက်   သက်ဆိုင်ရာတာဝန်ရှိသည့်   ဝန်ကြီးဌာန များက စနစ်တကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ပြန်လည် ပေးဆပ်ရန်အတွက် အချိန်ကာလ ထပ်မံတိုးမြှင့်ပေး သွားမည်ဖြစ်ပြီး ရင်းနှီးမတည်ငွေများလည်း ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။

 


သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက် ၍ မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကို စနစ်တကျ ပြုပြင်ရန်နှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ  လုံလောက်စွာ ရရှိရန်၊ အောင်ရေရရှိရန်နှင့် စိုက်ပျိုး ရေးစနစ်များ   မှန်ကန်ရန်လိုကြောင်း၊     ဈေးကွက် စီးပွားရေးစနစ်ကို      ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကစီးပွားရေးကို    အားပေးခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများကို      ဆောင်ရွက်နေသည့် တောင်သူများကို နိုင်ငံတော်မှ ပံ့ပိုးကူညီခြင်းများ ရှိသကဲ့သို့  စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင်က လည်း   စနစ်တကျဖြင့်   စိုက်ပျိုးကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းအလိုက် ကောင်းမွန်သည့် မျိုးများ  ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ စားသုံးဆီများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန် အတွက် ခေတ်မီစက်ကိရိယာများလိုအပ်ကြောင်း၊  နိုင်ငံတော်မှ ဆီထုတ်လုပ်ရေး လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


စက်သုံးဆီများကို    အဓိကအားဖြင့်   ပြည်ပမှ တင်သွင်းနေရပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ ရရှိနိုင်ရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူနိုင်မည့် အလားအလာများရှိကြောင်း၊  စိုက်ပျိုးရေး    လုပ်ငန်းများအတွက်  အသုံးပြုသည့် စက်သုံးဆီနှင့်   စက်မှုလုပ်ငန်သုံး  စက်သုံးဆီများရှိ ကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်  လျှပ်စစ်ဓာတ်အားများရရှိရေးအတွက် နိုင်ငံတော်မှ  ကြိုးပမ်း   ဆောင်ရွက်လျက်ရှိကြောင်း၊    သဘာဝ ဓာတ်ငွေ့ထုတ်ယူရရှိနိုင်သည့်  နေရာလည်း တွေ့ရှိ ထားပြီဖြစ်ပြီး   နောင်လာမည့်   သုံးနှစ်ခန့်အတွင်း  ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြင့်  အသုံးပြုနိုင်သည့် အများပြည်သူ သယ်ယူပို့ဆောင် ရေးစနစ်ကို         အကောင်အထည်ဖော်ရန်အတွက် စီမံချက်များ       ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သံထုတ်လုပ်မှုအတွက်လိုအပ်သည့် သတ္တုကုန်ကြမ်း များကို  သတ္တုသိုက်ရှိသည့် နေရာများတွင် ပုဂ္ဂလိက လုပ်ငန်းများကို လုပ်ပိုင်ခွင့်ပေးထားပြီး ဖြစ်ကြောင်း၊
အရည်အသွေးပြည့်မီသည့် သံများထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ နည်းပညာများ  မျှဝေပေးသွားမည်ဖြစ်ကြောင်း၊ ပန်းပုထုလုပ်ခြင်း လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်းများ ရရှိရေး အတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း ဖြင့် ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း  ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်    ဦးဝင်းရှိန်၊    ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီ သန်းနှင့် ဦးအောင်နိုင်ဦး တို့က ဝန်ကြီးဌာနအလိုက်  လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာလ ချေးငွေများနှင့်  ပတ်သက်၍ နိုင်ငံတော်မှသင့်တော်သည့် ဖြေလျှော့ ပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု အရင်းအနှီးများကိုလည်း ထုတ်ချေးပေးနိုင် ရေး  ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချေးငွေများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အမြောက်အမြား ထုတ်ပေးထားပြီးဖြစ် သဖြင့်    ချေးငွေများ    အချိန်မီပြန်လည်ပေးဆပ်ပြီး နိုင်ငံတော်၏     ငွေကြေးလည်ပတ်မှု     ကောင်းမွန် စေရေးအတွက်လည်း     လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊  နိုင်ငံတော်မှ ချမှတ်ပေးထားသည့်  စီးပွားရေး  မူဝါဒများအတိုင်း လိုက်နာ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်နှင့် ပြည်သူ အတွက် အကျိုးရှိစေမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို   လွယ်ကူစွာ    ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေအလိုက် ရုံးများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှု၊  အရည်အသွေး  ပြည့်မီသည့် သွင်းအားစုများ တောင်သူများလက်ဝယ်သို့ ရောက်ရှိ ရေး၊   ထုတ်ကုန်များ    ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး အတွက် အကျိုးတူလယ်ယာစနစ်ကို ဆောင်ရွက်ခြင်း ဖြင့်  အောင်မြင်စွာ  ဆောင်ရွက်နိုင်မှု၊  စိုက်ပျိုးရေး အတွက် သွင်းအားစုများ ပြည်ပမှ ဈေးနှုန်းသက်သာ စွာ တင်သွင်းရရှိရေး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း  ဇီဝမြေဩဇာများကို  ထုတ်လုပ်  လျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များကို သုတေသနပြု  ထုတ်လုပ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖြန့်ဝေပေး လျက်ရှိမှုနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း များ  ပေါ်ထွက်လာရေး  ဖိတ်ခေါ်လိုမှု၊  ကျေးရွာနေ  ပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများ အစုအဖွဲ့များဖွဲ့၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေး လျက်ရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု၊  သတ္တု၊ သံရည်ကြိုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာလိုအပ်ချက်များနှင့် ကုန်ကြမ်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်သဖြင့်  သက်ဆိုင်ရာ ဝန်ကြီးဌာနရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးတို့ အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်မှု၊  ယခုနှစ်သည်  စိုက်ပျိုးရေးလုပ်ငန်းများ  အောင်မြင် စွာ  ဆောင်ရွက်နိုင်မည့်  အခွင့်အလမ်းများ များစွာ ရှိသည့်အတွက် ရေခံ၊ မြေခံကောင်းပိုင်ဆိုင်ထားသည့်  ပဲခူးတိုင်းဒေသကြီးအနေဖြင့် ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက်    အသီးသီးပြန်လည်ဆွေးနွေး   ပြောကြား ကြသည်။

 


နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှုနှင့် 
အခက်အခဲမျိုးစုံကို ပြည်သူလူထုနှင့် 
ပူးပေါင်း၍ ရင်ဆိုင်ဖြတ်ကျော်ခဲ့မှု


ယင်းနောက်            နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာ  စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    တာဝန်ယူပြီးချိန်နောက်ပိုင်း    ပထမဆုံး အကြိမ်အဖြစ်  ပြည်မြို့သို့ရောက်ရှိခြင်းဖြစ်ပြီး ခရိုင် အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်   လိုအပ်သည်များ    ဆောင်ရွက်ပေးနိုင်ရန်  လာရောက်ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းသည်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့် ကဏ္ဍတွင်ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်  အဓိက   စီးပွားရေးမောင်းနှင်အား   တစ်ခုပင်ဖြစ် ကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံ များတွင်လည်း MSME လုပ်ငန်းများကို ရာခိုင်နှုန်း များစွာဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများကို ယခင်ကတည်းက အားပေး ဆောင်ရွက်ခဲ့သော်လည်း   ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားမှုနှင့်    နိုင်ငံရေး   အခြေအနေများကြောင့် လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရန်     အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း။ 

 


မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်  မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ရွေးကောက် ပွဲ  မကျင်းပမီကာလများကတည်းက  မိမိအနေဖြင့် သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရွေးကောက် ပွဲကျင်းပမည့်   ကာလသည်    ကိုဗစ်-၁၉   ရောဂါ ဖြစ်ပေါ်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူ များ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုမရှိစေရေး  ရွေးကောက်ပွဲကျင်းပမှုကို  ရွှေ့ဆိုင်းပေးရန်  အစိုးရ ခေါင်းဆောင်များကို         တောင်းဆိုခဲ့သော်လည်း  ရွှေ့ဆိုင်းပေးခဲ့ခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲကျင်းပ ပြီး   မဲစာရင်းများ   ထုတ်ပြန်ခဲ့သည့်ကာလတို့တွင် အုပ်ချုပ်သူအစိုးရ၏    မဲအသာရရှိရေး   မရိုးမသား ဆောင်ရွက်ခဲ့မှုများ၊   မဲမသမာမှုများကြောင့်    ဆူပူ ဆန္ဒပြမှုများ၊   နိုင်ငံရေးပဋိပက္ခများ၊   ထိုမှတစ်ဆင့် လက်နက်ကိုင်  အကြမ်းဖက်မှုများ  ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈  ခုနှစ်) နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကိုလည်း ဥပဒေ နှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်း  ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲမဲမသမာ မှုများကို    ဖြေရှင်းရန်အတွက်   သက်ဆိုင်ရာအစိုးရ  တာဝန်ရှိသူများနှင့်        တွေ့ဆုံဆွေးနွေးခဲ့သော် လည်း  ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင်  လွှတ်တော်ခေါ်ယူ၍     နိုင်ငံတော်၏   အာဏာကို အတင်းအဓမ္မရယူရန် ဆောင်ရွက်လာခဲ့သဖြင့် နိုင်ငံ တော်တာဝန်ကို မလွဲသာမရှောင်သာ ထမ်းဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို  ဖွဲ့စည်းရာတွင်လည်း စစ်ဘက်၊ အရပ် ဘက်     မျှတစွာဖြင့်     ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲမဲမသမာမှု၏  နောက်ဆက်တွဲ  နိုင်ငံ ရေးပြဿနာများကြောင့်       ပြည်တွင်းစီးပွားရေး ကျဆင်းမှုများ      ဖြစ်ပေါ်ခဲ့သကဲ့သို့      ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်လည်း စီးပွားရေးအခက် အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုများကို နိုင်ငံ တော်အစိုးရ၊  ပြည်သူနှင့် တပ်မတော်တို့ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများဖြင့် ကျော်လွှား နိုင်ခဲ့ကြောင်း၊  ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုအခြေအနေသို့ ရောက်ရှိ ခဲ့ရခြင်းဖြစ်သည့်အတွက်               နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင်      စည်းကမ်းစနစ်ကျနပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေ ရေးအတွက်    လိုအပ်သည်များ   ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


နိုင်ငံရေးနှင့် စီးပွားရေး


နိုင်ငံရေးနှင့် စီးပွားရေးသည် ဆက်စပ်လျက်ရှိပြီး  စီးပွားရေးကောင်းမွန်မှုမရှိပါက နိုင်ငံရေးတည်ငြိမ် ခိုင်မာမှုလည်း   ရှိမည်မဟုတ်ကြောင်း၊    စီးပွားရေး ကျဆင်းမှုများကြောင့်လည်း နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်နိုင်သဖြင့် စီးပွားရေးကောင်းမွန် တိုးတက် အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် ဈေးကွက် စီးပွားရေးစနစ် ကို   ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိကိုယ်ကိုသာ အားကိုး ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ မူဝါဒပိုင်းကို သာ ထိန်းသိမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းများ        တိုးတက်စေရန်အတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ပြီး ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်      ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်၊ စပါး၊ အသီးအနှံများ လုံလောက် စွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အခြေခံ၍   နိုင်ငံ့စီးပွားတိုးတက်ရေးကို  ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊   စီးပွားရေးလုပ်ငန်းများ   ဆောင်ရွက်နေ သူများအနေဖြင့်    အခွန်ရှောင်မှုများနှင့်    ပြည့်ဝစွာ မပေးဆောင်သူများလည်းရှိကြောင်း၊ နိုင်ငံ၏ ဝင်ငွေ မှာ ပြည်သူများထံမှရရှိသည့် အခွန်ငွေနှင့် ကုန်သွယ် မှုများမှရရှိသည့်       အခွန်ငွေများပင်ဖြစ်ကြောင်း၊ None Trade လုပ်ငန်းများမှလည်း နိုင်ငံခြားဝင်ငွေ ရရှိပြီး အဆိုပါရရှိသည့် အခွန်ငွေများမှ ဘတ်ဂျက် ရေးဆွဲ၍    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို    ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို မြှင့်တင် ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် 
ကုန်ထုတ်လုပ်မှုနှင့် အရည်အချင်းပြည့်ဝသည့် 
လူသားအရင်းအမြစ်များ လိုအပ်မှု


ကုန်ထုတ်လုပ်မှု       ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်း အမြစ်ကောင်းတို့ လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်း လည်ပတ်ရန်အတွက်   ကုန်ထုတ်လုပ်မှုများ   မဖြစ် မနေလိုအပ်သကဲ့သို့ ထုတ်လုပ်မှုလုပ်ငန်း ဆောင်  ရွက်ရန်အတွက် ကုန်ကြမ်းသည်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများမှ  ကုန်ကြမ်းပစ္စည်းများ များစွာရရှိနိုင်မည် ဖြစ်ကြောင်း၊  စိုက်ပျိုးရေးနှင့်    မွေးမြူရေးလုပ်ငန်းများအတွက်  သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ တိရစ္ဆာန်အစား အစာ၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် အခြားသွင်းအားစု များလည်း လိုအပ်ကြောင်း။

 


စိုက်ပျိုးရေးလုပ်ငန်းများအတွက်   လိုအပ်သည့် မြေဩဇာများရရှိရေး    မွေးမြူရေး  လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာ အဖြစ်    အသုံးပြုနိုင်သကဲ့သို့     ပိုက်ဆံလျှော်များ စိုက်ပျိုး၍လည်း သဘာဝမြေဩဇာအဖြစ် အသုံးပြု နိုင်ကြောင်း၊   နို့စားနွားများကို  စနစ်တကျမွေးမြူ ခြင်းဖြင့်လည်း    နို့ထွက်ပစ္စည်းကို    အခြေခံသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ကြောင်း၊ ဒေသထွက် ပစ္စည်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတွင် မွေးမြူ ရေး   လုပ်ငန်းကို    အခြေခံပြီး     ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ဒေသတွင်းတွင်သာမက ပြင်ပသို့ လည်း    တင်ပို့ရောင်းချခြင်းဖြင့်      စီးပွားရေးပိုမို တိုးတက်လာမည် ဖြစ်ကြောင်း။ 

 


စားသုံးဆီများထုတ်လုပ်ရာတွင်လည်း ဆီထုတ် လုပ်မှုများကို ခေတ်မီစက်ကိရိယာများနှင့် နည်းပညာ များကို     အသုံးပြု၍    အရည်အသွေးပြည့်မီသည့် ဆီများထုတ်လုပ်ပြီး    စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရင်းအနှီး လိုအပ်သည့်အတွက် မိမိတို့တတ်နိုင်သည့် ပမာဏ ပေါ်တွင်သာ   အခြေတည်၍  ဆောင်ရွက်ကြရန်လို ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင် သမျှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးမည်ဖြစ် ကြောင်း၊    ယခုအခါ   မိမိတို့နိုင်ငံ၏  စီးပွားရေးမှာ ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်  လိုကြောင်း၊    လုပ်ငန်းများကို   ဆောင်ရွက်ရာ၌ အကြောင်းအမျိုးမျိုးကြောင့်     အခက်အခဲဖြစ်ပေါ် ပါက  ချေးငွေများ  ထုတ်ချေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

 


ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အရည် အချင်းရှိသည့် လူသားအရင်းအမြစ်များ လိုအပ်မည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသ ကြီးအတွင်း အခြေခံပညာ အားနည်းသူများရှိကြောင်း၊  အဆိုပါ    ပညာရေးအားနည်းသူများကို    အခြေခံ လုပ်ငန်းများသာ   သင်ကြားပေးနိုင်ကြောင်း၊     မိမိ တာဝန်ယူချိန်ကာလအတွင်း အခြေခံပညာကျောင်း များတွင်    စိုက်ပျိုးမွေးမြူရေးနှင့်     စက်မှုဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရန်အတွက် ခရိုင်တစ်ခု တွင်   တစ်ကျောင်းဖွင့်လှစ်နိုင်ရန်    စီမံဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံ များကို ဖွင့်လှစ်မှသာ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များနှင့် စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သည့်  လူသားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု   လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင် သင်တန်းများကို တတ်နိုင်သမျှ ဖွင့်လှစ်ဆောင်ရွက် ပေးကြစေလိုကြောင်း။

 


တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ                                               
ဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေး
ဖွံ့ဖြိုးတိုးတက်လာမည်


ထုတ်ကုန်များ  ထုတ်လုပ်ရာတွင်   တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဈေးကွက်ရရှိရေးအတွက် ကုန်ပစ္စည်း ပြပွဲများ   ကျင်းပရန်လိုသကဲ့သို့   သုံးစွဲသူများ   သိရှိ  အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်း  များ ဆောင်ရွက်ရာတွင် အခြေခံမှစ၍ ခိုင်မာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်ရရှိရေးအတွက်  အရေအတွက်များများကို      အမြတ်နည်းနည်းဖြင့်  ရောင်းချနိုင်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါကလည်း အရည်အသွေး            ပိုမိုကောင်းမွန်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ       ဆောင်ရွက်ခြင်းသည် လုပ်ငန်းများအဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊  ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   ပိုမို ဖြစ်ထွန်းအောင်       ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံကောင်းများဖြစ်သည့် မြေနှင့် ရေကို အကျိုး ရှိစွာ အသုံးချ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို   အောင်မြင်အောင်    ဆောင်ရွက်ကြစေလို  ကြောင်း၊ ဧရာဝတီမြစ်မှ မြစ်ရေတင်လုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးပြီး ဆောင်ရွက်၍ရကြောင်း၊ သီးထပ်သီးနှံများ စိုက်ပျိုး ခြင်းဖြင့် ဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အမှန် တကယ်အလုပ်လုပ်ပါက လက်တွေ့ အကျိုးဖြစ်ထွန်း လာပြီး တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မှုမှ ဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊     ပြည်ခရိုင်အတွင်း  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှရရှိသည့် ကုန်ကြမ်း  များကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်      ဆောင်ရွက်ကြစေလို ကြောင်း၊ သို့မှသာ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးသည်လည်း     ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။

 


ယင်းနောက်             နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက် ရောက်လာကြသည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်   အလတ်စား   စီးပွားရေး   (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသ ထားသည့်   စားသောက်ကုန်၊   လူသုံးကုန်၊   စက်မှု လက်မှု ထုတ်ကုန်၊ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်များ၊  အဝတ်အထည်များ၊    တိုင်းရင်းဆေးများ      စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို  ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစား လေ့လာ ခဲ့ပြီး    ဈေးကွက်ရရှိမှုအခြေအနေများကို   မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင် များက    လိုက်လံရှင်းလင်း   တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်