နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအလိုက် ရွေးချယ်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းပုံစံဖြင့် ဆောင်ရွက်ရမည်

 

ဟားခါး  သြဂုတ်   ၂၇


ချင်းပြည်နယ်အတွက်    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေကျပ် ၁၀ ဘီလီယံကိစ္စ  ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၄  ရက်က   ဟားခါးမြို့   ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  က  အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင်   ပိုမိုထိရောက်စွာ  ဆောင်ရွက် နိုင်ရေးအတွက်       တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့     နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ   မတည်ထောက်ပံ့ငွေများ ဒေသအလိုက် လွှဲအပ်ခဲ့ရာ ချင်းပြည်နယ်အတွက် ငွေကျပ် ၁၀ ဘီလီယံလွှဲပြောင်း ပေးအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးအတွက်   အဓိကထား ဆောင်ရွက်ရန်၊ ပိုလျှံမှသာ အခြားစီးပွားရေး  ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ဆောင်ရွက်ရမည်ဖြစ်ပြီး  စိုက်ပျိုးရေး၊   မွေးမြူ ရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနနှင့်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က     ကျေးရွာ အလိုက်  ရွေးချယ်ဆောင်ရွက်သည့်   မြစိမ်းရောင် စီမံကိန်းပုံစံဖြင့်    ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ပြည်နယ်စီးပွားရေးရာဝန်ကြီး နှင့်   ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊  ပြည်နယ် မွေးမြူရေးနှင့်   ကုသရေးဦးစီးဌာန၊    ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့်   ပြည်နယ်သမဝါယမဦးစီး ဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းအတွေ့ အကြုံများကို  ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်        ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ     ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။      

                            
ခရိုင်(ပြန်/ဆက်)