
မြစ်သား မတ် ၁၆
မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် နွေစပါးစီမံကိန်း ဧက ၅၀ အတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေး ခြင်း အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံး၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်း ထွန်းကစိုက်ပျိုးထုတ်လုပ် သူ တောင်သူနှင့် သွင်းအားစုရောင်းချသူ တို့အား ပူးပေါင်းချိတ်ဆက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် လုပ်ငန်း ကော်မတီအဖွဲ့ဝင်ဌာနများမှ ဆောင် ရွက်ပေးကြောင်း၊ ယခုစီမံကိန်းသည် တောင်သူများ ဝင်ငွေတိုးပွားရေး အတွက် အဓိကထားဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံး၍ စိုက်ပျိုးထုတ်လုပ်ရန် ပညာ ပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများက သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်ကို လိုက်နာကျင့်သုံးဆောင် ရွက်ခြင်းဖြင့် စပါးအထွက်တိုးစေလို ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်သူနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်နှင့် ဒိုင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် နွေစပါး စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၂၁ ဦး နှင့် ဝန်ထမ်းများ တက်ရောက်သည်။
ထို့နောက် တောင်သူများအား ချေးငွေကျပ် နှစ်သိန်းနှင့် ညီမျှသော ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မောင်ကျော်ကြီး