နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ဘားအံ    ဧပြီ    ၁၉


နိုင်ငံ့စီးပွားမြှင့်တင်ရေး     ပြည်နယ်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၃)လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၉ ရက်နေ့ နံနက်  ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ  ထုတ်ချေးရန် ကျန်ရှိသည့် အရင်းမပျောက် မတည် ငွေများကို ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင် ရွက်ကြစေလိုပြီး ခြောက်လပြည့်ပြီးသည့် ထုတ်ချေး ပြီး ရန်ပုံငွေများကိုလည်း စနစ်တကျဖြင့် အတိုးနှုန်း များ    ပြန်လည်ကောက်ခံကြရမည်   ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှ  ထုတ်ပေးထားသည့်   အရင်းမပျောက်   မတည်ငွေ များကို မပျောက်ပျက်စေဘဲ  တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ   စနစ်တကျ   အသုံးချနိုင်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများက     ယခင်အပတ်   အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ နှင့် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးနိုင်ရေး၊ မိုးသီးနှံ စိုက်ဧကများအတွက်  အချိန်မီ   ချေးငွေထုတ်ချေး ပေးနိုင်ရေး ဆွေးနွေးတင်ပြသည့်အပေါ်  ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။              

စောမျိုးမင်းသိန်း(ပြန်/ဆက်)