နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော နည်းပညာတက္ကသိုလ်ဖြစ်စေရေး အလေးထားဆောင်ရွက်

 

နေပြည်တော် မတ် ၁၁


သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဒေါက်တာ အောင်ဇေယျသည် မတ် ၉ ရက်က ရန်ကုန်နည်းပညာ   တက္ကသိုလ် (YTU)၌ ကြည့်ရှုစစ်ဆေးသည်။ 

 


ထိုသို့   ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက  နိုင်ငံ့ပထမဆုံး အင်ဂျင်နီယာတက္ကသိုလ် ဖြစ်ပြီး Center of Excellence အဆင့်မြင့် နည်းပညာတက္ကသိုလ် ဖြစ်သဖြင့် နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီ သည့်  အရည်အသွေးအာမခံမှု စနစ်ရှိရန်နှင့် Facility များ ပြည့်စုံ ၍ ခေတ်မီသင်ကြားသင်ယူစနစ် များဖြင့် လည်ပတ်ဆောင်ရွက်ရန်၊ အရည်အသွေး     ပြည့်မီသည့်  အင်ဂျင်နီယာစွမ်းအား   အရင်း အမြစ်များအား  စဉ်ဆက်မပြတ် မွေးထုတ်သွားရန်   တိုက်တွန်း မှာကြားသည်။

 


ထို့နောက်   ဒုတိယဝန်ကြီး သည်  ပင်မဆောင်အနီးဝန်းကျင် နှင့် စာကြည့်တိုက်တို့ကို ကြည့်ရှု စစ်ဆေး၍ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စွာ   ရေရှည်တည်တံ့ ရေးနှင့်     နိုင်ငံတကာအဆင့်မီ တက္ကသိုလ်     ပရိဝုဏ်ဖြစ်စေရေး အလေးထား      ဆောင်ရွက်ရန် မှာကြားပြီး      ပင်မဆောင်နှင့် Theaterများ ရှိစာမေးပွဲခန်းများ တွင်    ဘွဲ့ကြိုနှင့်    ဘွဲ့လွန် အင်ဂျင်နီယာ       သင်တန်းများမှ ကျောင်းသားများ အေးချမ်းစွာ နှစ်ဝက်စာမေးပွဲ     ဖြေဆိုမှုများ ကို   ကြည့်ရှုအားပေးကာ ကျောင်း သားများ   အဆင်ပြေချောမွေ့စွာ  ဖြေဆိုနိုင်ရေးအတွက်   လိုအပ် သည်များအား      ဖြည့်ဆည်း ဆောင်ရွက်ပေးရန်             မှာကြား သည်။

 


ယင်းနောက် ဒုတိယဝန်ကြီး သည် Myanmar Japan Tech-nological    Development Center-2 သို့ ရောက်ရှိပြီး  တိုကျို တက္ကသိုလ်ရှိ Lab အဆင့်အတန်း နှင့်ကိုက်ညီအောင် ဖြည့်ဆည်း ထားသော Wind Tunnel Room၊ Concrete Lab ၊ Soil Lab ၊ Structural Lab သုတေသနပြု စမ်းသပ်ခန်းများကို     ကြည့်ရှု စစ်ဆေးကာ           ဆရာများ သုတေသနခုံမင်ကြရန်၊     နိုင်ငံ့ အကျိုးပြုသုတေသန   လုပ်ငန်း များဖြင့် Lab ခန်းများ  ရှင်သန် သက်ဝင်စေရန်၊     Research-Intensive University ဖြစ်ရေး ကြိုးပမ်း    ဆောင်ရွက်ကြရန်နှင့် University Ranking မြင့်မားရေး အလေးထား   ဆောင်ရွက်ရန် မှာကြားသည်။

 


ယင်းနောက်    G-Hall  ၊ ဝန်ထမ်းအိမ်ရာ၊ ဘောလုံးကွင်းနှင့် ဘက်စုံသုံးအားကစားရုံ တို့ကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူ များ၏  ဖြည့်စွက်တင်ပြမှု အပေါ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ကို Plan အလိုက် အရည်အသွေး ပြည့်မီစွာ   ဆောင်ရွက်ပြီးစီးရေး ကွပ်ကဲရန်   မှာကြားခဲ့ကြောင်း သိရသည်။              

 
  သတင်းစဉ်