အဘူဂျာ ဇူလိုင် ၆
ဘိုကိုဟာရမ်ဟု ယူဆရသည့် သေနတ်သမားများသည် ဖောက်ခွဲ ရေးပစ္စည်းများကို အသုံးပြုကာ နိုင်ဂျီးရီးယား မြို့တော် အဘူဂျာ အပြင်ဘက်ရှိ အကျဉ်းထောင် တစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး နောက် အကျဉ်းသား ၃၀၀ ထက် မနည်း ထွက်ပြေးလွတ်မြောက် သွားကြောင်း နိုင်ဂျီးရီးယား အစိုးရက ဇူလိုင် ၆ ရက်တွင် ပြောသည်။
အဆိုပါ သေနတ်သမား များသည် ဇူလိုင် ၅ ရက် ညပိုင်း တွင် အဘူဂျာရှိ ကူဂျီအကျဉ်း ထောင်၌ ဝင်ရောက် စီးနင်း ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၆၀၀ ခန့် ထွက်ပြေးသွားခဲ့သော်လည်း ထက်ဝက်နီးပါးကို ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ရှူအီဘူ ဘဲလ်ဂိုရီ က သတင်း ထောက်များကို ပြောသည်။ အဆိုပါဝင်ရောက်စီးနင်းမှု ဖြစ်စဉ် အတွင်း အကျဉ်းသားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အခြား သတင်းတစ်ရပ်တွင် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကတ်ဆီနာပြည်နယ်တွင် သေနတ် သမားများ ပစ်ခတ်မှုကြောင့် ရဲအရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ သေနတ်သမား များသည် အဆိုပါရဲတပ်ဖွဲ့ကို ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေနတ်သမားများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲအရာရှိနှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အေအက်ဖ်ပီ



