
နေပြည်တော် စက်တင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မကြာမီရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူးဒတ္ထဇာတ်တော်” အထူးတင်ဆက်မှုအစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြုလုပ်သည်။
အဆိုပါ အထူးအစီအစဉ် တင်ဆက်မှုကို ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးကိုကို၊ ဦးသောင်းဟန်၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် များနှင့် ဝန်ထမ်းများ၊ စာရင်း စစ်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ကြည့်ရှုအားပေးကြ သည်။
ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည် ထောင်စုဝန်ကြီးများ၊ ဧည့်သည် တော်များသည် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ နံနက် ၁၀ နာရီ တွင် ရောက်ရှိကြရာ သတင်းနှင့် အစီအစဉ် တင်ဆက်သူများ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံ လိုင်းနှင့် မြန်မာ့အသံရေဒီယို ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက် ကြသည်။
ကြည့်ရှုလေ့လာ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးများနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အဦ အတွင်းရှိ Convergence News Room၊ Presentation Room၊ News Studio တို့၌ သတင်းထုတ်လွှင့် ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ထုတ်လွှင့်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် စိန်ရတုပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်အတွင်းရှိ Mini Theatre ၌ စိန်ရတုပြတိုက် သမိုင်းကြောင်း Video Clip ကို ဖွင့်လှစ်ပြသသည်။
ဆက်လက်၍ စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်မြင် သံကြား ထုတ်လွှင့်ရေးတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ ထုတ်လွှင့်ရေးယာဉ်များ၊ သတင်း နှင့် ပြန်ကြားရေးပြခန်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား စိန်ရတု မှတ်တမ်းဓာတ်ပုံများ၊ ထင်ရှား ကျော်ကြား MRTV မှ ကြယ်ပွင့်များ ဓာတ်ပုံမှတ်တမ်းများ၊ အဆောက် အဦပုံစံငယ်များ၊ တာဝါတိုင် ပုံစံငယ်များ၊ ရှေးဟောင်းဓာတ်ပြား များ၊ တူရိယာပစ္စည်းများ၊ Radio Master Control Room နှင့် Virtual Room များကို ကြည့်ရှု လေ့လာကြသည်။
ယင်းနောက် Auditorium ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက တေးသီချင်းများ ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။
ဆက်လက်ပြီး ဧည့်သည် အဆိုတော် သရုပ်ဆောင် အကယ် ဒမီ ရဲအောင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တွဲဖက်၍ တေးသီချင်းဖြင့် သီဆို ဖျော်ဖြေ တင်ဆက်သည်။
ယင်းနောက် ဇာတ်သဘင် အနုပညာရှင်များ ဖြစ်ကြသော ဈာန်ဟိန်း (စိန်မဟာသဘင်)နှင့် ရွှေမင်းသမီးလေး နန်းခင်မွှေး တို့ က တေးသီချင်းများဖြင့် ဖျော်ဖြေ ကြပြီး တင်မောင်ဆန်းမင်းဝင်း၊ စျာန်ဟိန်း၊ ဘွန်း၊ ဆန်းတင့်အောင် နှင့် မင်းသမီးများက မြိုင်ထနှစ်ပါး သွားအကဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် သဘင်အနုပညာ ရှင် ပတ္တမြားကေခိုင်က တံခါးမှူး ဒတ္ထဇာတ်တော် ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်တို့ကို ရှင်းလင်း တင်ပြပြီး ဇာတ်တော်တွင် ပါဝင် သည့် သဘင်အနုပညာရှင်များနှင့် မိတ်ဆက်ပေးသည်။
ကြည့်ရှုအားပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်မည့် “နိပါတ် တော်လာ ဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူး ဒတ္ထ ဇာတ်တော် ” ကပြဖျော် ဖြေတင် ဆက်မှုကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါ ဇာတ်တော်ကြီးမှာ တိုင်းပြည်တစ်ပြည်မှ ဝန်ထမ်း တစ်ဦး၏ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့သည့် ပညာပေး ဇာတ်တော်ဖြစ်သည်။ တိုင်းပြည်/ နိုင်ငံတစ်နိုင်ငံရှိ ဝန်ထမ်းတိုင်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာရှိ ပြီး ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းကောင်း မှ တိုင်းပြည်/ နိုင်ငံကောင်းမည် ဆိုသည့် အသိပညာဗဟုသုတ များ ပါဝင်သကဲ့သို့ လာဘ်ပေး လာဘ်ယူခြင်းဖြင့် မိမိဘဝထိခိုက် နိုင်ပုံ၊ အကျင့်စာရိတ္တ ကောင်းမွန် ခြင်းဖြင့် မိမိဘဝ တိုးတက်မြင့်မား ပုံတို့ကို သရုပ်ဖော်တင်ဆက်ထား သည်။
“တံခါးမှူးဒတ္ထ” ဇာတ်တော် ကြီးတွင် တံခါးမှူး ဒတ္ထအဖြစ် တင်မောင်ဆန်းမင်းဝင်း၊ တံငါ သည်အဖြစ် ဘွန်း၊ ဗြဟ္မဒတ် မင်းကြီးအဖြစ် ဆန်းတင့်အောင်၊ မိဖုရားအဖြစ် ချမ်းချမ်းမိုး၊ တံခါး မှူး၏ ဇနီးအဖြစ် ငြိမ်းချမ်းခိုင်နှင့် ဇာတ်ပို့ဇာတ်ရံများ ပါဝင်ထားကြ သည်။
တံခါးမှူး ဒတ္ထဇာတ်တော် ကြီးအား ဇာတ်ညွှန်း မုံရွာ ဦးလေးခန့်၊ စီစဉ်သူ ပတ္တမြား ကေခိုင်တို့က ရိုးရာသဘင်မှု၏ အစဉ်အလာ၊ အထောက်အထား မှန်ကန်မှု ရှိစေရန်နှင့် ဇာတ်တော် ကြီး၏ သမားစဉ်များနှင့် ကိုက်ညီ မှုရှိစေရန် စီစဉ်တင်ဆက်ထားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော် များက “တံခါးမှူး ဒတ္ထ” ဇာတ်တော်ကြီးတွင် ပါဝင်ခဲ့ကြ သည့် သဘင်အနုပညာရှင်များနှင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် MRTV မှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး တက်ရောက်လာ သည့် ဧည့်သည်တော်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆန်းသစ်တီထွင် တင်ဆက်
မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် ပြန်ကြားပေး ရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေ ပေးရန် ရည်ရွယ်ချက်များဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာတွင် ရိုးရာယဉ်ကျေးမှု အနုပညာရပ် များကိုလည်း ထိန်းသိမ်းစောင့် ရှောက်သည့်အနေဖြင့် အပတ်စဉ် စနေနေ့တိုင်း (၃၈)ဖြာမင်္ဂလာ အစီအစဉ်ကို သဘင်ပညာရှင် ဦးနန်းဝင်းနှင့် ပူးပေါင်းကာ ဆန်းသစ်တီထွင်ပြီး တင်ဆက် လျက်ရှိသည်။ အဆိုပါ အစီအစဉ် သည် လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန် ရည်ရွယ်သည့်အပြင် ဇာတ်သဘင် လောကသားများကို လည်း အနုပညာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အားပေးကူညီ ခြင်းဖြစ်သည်။
အလားတူ ဘုရားဟောနိပါတ် တော်လာဇာတ်လမ်းများအနက်မှ ခေတ်စနစ်နှင့် ကိုက်ညီပြီး လူ့လောက၏ စံထားစရာများဖြစ် သည့် သစ္စာတရားအလေးထား အပ်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်ရန် အရေးကြီးပုံ၊ ပညာ စွမ်းအားကြီးမားပုံတို့ကို ဖော်ပြ သည့် ဇာတ်တော်များကို သဘင် ပညာရှင် ပတ္တမြားကေခိုင်နှင့် ပူးပေါင်းကာ အပိုင်း(၂၀) ရိုက်ကူး ပြီး တင်ဆက်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်