နိပါတ်တော်လာ ဇာတ်သဘင်မဟာ အစီအစဉ်မှ “တံခါးမှူး ဒတ္ထ” ဇာတ်တော် အပိုင်း(၂) ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၂
မိဘပြည်သူများ    ဇာတ်သဘင်   ဖျော်ဖြေ တင်ဆက်မှုဖြင့်     စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော် များအကြောင်း သိရှိနားလည်ပြီး အသိပညာ ဗဟုသုတ    ရရှိနိုင်ရန်နှင့်    သဘင်ပညာရှင် များ၏    အနုပညာစွမ်းရည်များ    ဖော်ထုတ် ပြသနိုင်ရန်   ရည်ရွယ်ချက်များဖြင့်   “နိပါတ် တော်လာ    ဇာတ်သဘင်   မဟာအစီအစဉ်”     ဆန်းသစ်    တင်ဆက်မှုကို    အောက်တိုဘာ  ၂၂    ရက်မှစတင်၍   အပတ်စဉ်  (စနေနေ့) ညတိုင်း  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏     MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက် ရှိသည်။ 
အဆိုပါ  အစီအစဉ်မှ  “တံခါးမှူး  ဒတ္ထ” ဇာတ်တော် အပိုင်း(၂) ကို ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာ ဖန်တီးမှု၊    ရွာစားဝါးခယ်မ   စိန်မုန့်လုံး၏ တီးခတ်မှု၊   တင်မောင်ဆန်းမင်းဝင်း၊  ဘွန်း၊   ငြိမ်းချမ်းခိုင်၊   ချမ်းချမ်းမိုးနှင့်အတူ   သဘင် အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၅ ရက် (စနေနေ့) ည ၉ နာရီခန့်တွင်  ပြသမည်ဖြစ်ပြီး မတ် ၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ  ၆  နာရီခွဲ တွင်လည်း   ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။   
      သတင်းစဉ်