
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကမ်းခြေဒေသများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသ များသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေ ဒေသခရီးသွားလုပ်ငန်းများ စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်နေစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာ ရေး ဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ် နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူ များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင် များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန သံတွဲရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး က ငပလီကမ်းခြေဒေသရှိ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ခရီးသွား ဆွဲဆောင်ရာနေရာများ ဖော်ထုတ်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငပလီကမ်းခြေ ဒေသ ခရီးသွားလုပ်ငန်း စနစ်တကျဖြင့် မြန်မြန်ဆန်ဆန်တိုးတက်လာစေရေးအတွက် အကောင် အထည်ဖော်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်လာပါက ဆက်စပ်လျက်ရှိ သည့် လုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသသို့ ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းကြောင့် ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဝင်ငွေတိုးတက်ရရှိလာမည် ဖြစ် ကြောင်း၊ ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက် လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍနှစ်ခုကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပြီး ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရန် ဆွဲဆောင်ကြရန်လိုအပ်ကြောင်း၊ အလားတူ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြရမည် ဖြစ်ကြောင်း။
ဝန်ကြီးဌာနက လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက် နိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းမှာ လူအချင်းချင်း ကူးလူးဆက်ဆံမှုအပေါ် အခြေခံသည့်အတွက် ဧည့်သည်များ၏စိတ်ကျေနပ် နှစ်သက်မှုရရှိရေးမှာ အရေးကြီးကြောင်း၊ ရှိနှင့်ပြီး သော ကမ်းခြေဒေသများကို သန့်ရှင်းသာယာလှပ အောင်ဆောင်ရွက်ပြီး ဆက်စပ်လည်ပတ်နိုင်သော ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကြရမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသောကျန်းမာ ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုမှုအစီအစဉ်ကဲ့သို့ အစီအစဉ်များတွင် ပါဝင်ကြစေလိုကြောင်း၊ ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း နှင့် နိုင်ငံတော်နှင့် ဒေသ၏အကျိုးစီးပွားကို အထူး ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ဝင်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် ကြုံတွေ့နေရ သည့်အခြေအနေများ၊ ငပလီကမ်းခြေဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင် အထည်ဖော်နေမှုများ၊ ကမ်းခြေသာယာလှပရေး တို့ကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပလီကမ်းခြေဒေသရှိ ဟိုတယ်များကို လှည့်လည် ကြည့်ရှုပြီး ဟိုတယ်သို့ လာရောက်တည်းခိုကြသည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်တည်းခိုရန် မြှင့်တင်ကြော်ငြာရေး၊ ဟိုတယ်ပရဝဏ်နှင့် ပတ်ဝန်း ကျင် အမှိုက်သရိုက်များကင်းစင်ပြီး သာယာလှပ သော အစိမ်းရောင်ဇုန်များ ဖော်ဆောင်နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုကြောင်း သတင်း ရရှိသည်။
သတင်းစဉ်