
နေပြည်တော် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင် ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလား သော ပြည်သူများ၏ သတင်းပေးမှုများကြောင့် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာ အနီး၌ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော စိုင်းထက်အောင်၊ လှိုင်မျိုး အောင်၊ ကြံ့ခိုင်ထွန်းတို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုင်းထက်အောင်၏ ထွက်ဆို ချက်အရ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင် များသည် ငါန်းဇွန်မြို့နယ် နတ်ကြီးကျေးရွာတွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရ သဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ၊ ဖိုးဦး၊ ဇော်လင်းအောင် တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် ဇော်လင်းအောင် သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားခဲ့ သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ အမျိုးသား ရှစ်ဦး ဖမ်းဆီးရမိ ခဲ့ပြီး ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိုင်းထက် အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင် ထွန်း၊ ဇော်မင်းထွေး၊ အောင်ကို လတ်၊ ကျော်သူ၊ ဖိုးဦး နှင့် ဇော်လင်းအောင်တို့သည် ဖမ်းဆီး ရန်ကျန် တရားခံ မင်းမင်းဦး ၏ စည်းရုံးမှုဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် လ ဒုတိယပတ်ခန့်တွင် မြောင်မြို့ နယ် ညောင်ကန်ကျေးရွာအနီး ကိုင်းတောအတွင်း၌ အကြမ်း ဖက် လုပ်ကြံသတ်ဖြတ်ရေး သင်တန်း တစ်လခန့် တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့အပြင် ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အကြမ်း ဖက် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်အတွက် ဇာမဏီ ပြောက်ကျားအမည်ခံ အကြမ်း ဖက်အဖွဲ့အား ၂၀၂၂ ခုနှစ် ဇန်နဝါ ရီ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ အောင်ဝင်းဦး ခေါင်း ဆောင်၍ စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း၊ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ၊ ဖိုးဦး၊ ဇော်လင်းအောင် နှင့် ဖမ်းဆီးရန်ကျန် တရားခံ မိုးကျော်ဦး၊ မင်းမင်းဦးတို့ အပါ အဝင် အင်အား ၄၄ ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇာမဏီပြောက် ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ ဝင်များသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေ ရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများကို ရက်စက် ယုတ်မာစွာဖြင့် လုပ်ကြံသတ်ဖြတ် မှု လေးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက် တွင် လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း နှင့် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦး အပါအဝင် ဇာမဏီ ပြောက်ကျားအမည်ခံ အကြမ်း ဖက် အဖွဲ့ဝင် ၁၅ ဦးသည် ငါန်း ဇွန်မြို့နယ် ထနောင်းကုန်းကျေး ရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်၍ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးလှိုင်မင်းထွန်းနှင့် ဇနီး ဒေါ်မြင့်တို့ကို ဒလန်ဟု စွပ်စွဲ၍ လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ် ခဲ့ကြောင်း။
စက်တင်ဘာ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်း ဦးနှင့် စိုင်းထက်အောင်တို့သည် ငါန်းဇွန်မြို့နယ် ကန့်လန့်ကျေးရွာ ၌ အပြစ်မဲ့ပြည်သူ ဦးမင်းအောင် ကို ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်း ဦးနှင့် စိုင်းထက်အောင်တို့ အပါ အဝင် ဇာမဏီပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၁၅ ဦးသည် ငါန်းဇွန်မြို့နယ် ကန့်လန့် ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဘမော်ကို ဒလန်ဟုစွပ်စွဲကာ ကန့်လန့်ကျေးရွာ အထက်တန်း ကျောင်းအရှေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။
အလားတူ ယင်းနေ့တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော မင်းမင်းဦး၏ စေခိုင်း ချက်အရ ဇာမဏီပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် လေးဦးသည် ကန်သာကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးမျိုးမြင့်ကို ဒလန်ဟု စွပ်စွဲကာ ကန်သာ ကျေးရွာ ရွာလယ်လမ်းမပေါ်၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေ သူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက် ကွယ်မှ ထောက်ပံ့ပေးလျက်ရှိ သော ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ် ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိ ပေး သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။
သတင်းစဉ်