ငလျင်အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၏ ထွက်ပေါ်လာသော အချက်အလက်များသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲရာတွင် အကူအညီအထောက်အပံ့ဖြစ်စေမည်

 

ပုဂံ     မတ်    ၁၅ 
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်း အဖွဲ့တို့ ပူးပေါင်း၍ Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။
ဖွင့်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါ်နုမြဇံ၊    ငလျင်ဘေးအန္တရာယ် ဆိုင်ရာ     သုတေသနလုပ်ငန်း    အဖွဲ့ခေါင်းဆောင်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေး  စီမံကိန်းကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊   ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊   မြန်မာနိုင်ငံ  ငလျင် ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစောထွေးဇော်၊ တွဲဖက်အတွင်း ရေးမှူး  ဒေါက်တာ သက်မွန်စမ်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ သင်တန်းသားများ  တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင်   ဒုတိယဝန်ကြီး   ဒေါ်နုမြဇံ က ယခုဆောင်ရွက်နေသည့် Seismic Risk Assessment ဆိုင်ရာ   သုတေသနလုပ်ငန်းများ၏   ထွက်ပေါ်လာ သော အချက်အလက်များသည် ပုဂံယဉ်ကျေးမှု အမွေ အနှစ်အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှု မဟာဗျူဟာ ရေးဆွဲရာတွင်     အကူအညီအထောက်အပံ့ဖြစ်စေ မည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက် များကို Data Bank တစ်ခု တည်ထောင်နိုင်ရေးနှင့် ဌာနဝန်ထမ်းများ၏ အရည်အသွေး CapacityBuild-ing   မြင့်မားလာစေရေး  ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊   ဌာနမှ   သင်တန်းသား   သင်တန်း သူများအနေဖြင့်လည်း      အထူးစိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူ၍       မိမိတို့     ဌာနများသို့ ပြန်လည်ရောက်ရှိချိန်တွင်      လက်တွေ့အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍     ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့ခေါင်းဆောင်  ဒေါက်တာ အောင်ကျော်မြတ်က    ယခုသင်တန်းတွင်     Risk Assessment နှင့် ပတ်သက်၍ ဆောင်ရွက်ပုံအဆင့် ဆင့်နှင့်  Software များ အသုံးပြုပုံတို့ကို ထည့်သွင်း ပို့ချသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၄ ခုနှစ် ဩဂုတ်လ တွင် Risk Assessment အား အပြီးသတ် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ Assessment ဆောင်ရွက်ပြီး ပါက ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့်ပြန်လည်၍ Review ပြုလုပ်သင့်ပါကြောင်း  ရှင်းလင်းဆွေးနွေးသည်။
 Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းကို ပုဂံဌာနခွဲတွင် မတ် ၁၇ ရက် အထိ    ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သင်တန်းသား ၁၀ ဦး တို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်