
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေး ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက် ခဲ့သည့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန် ဆိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားကြသည်။
အဆိုပါ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ Horizon Lake View Resort မှလည်းကောင်း၊ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်အဖွဲ့ (ND-AA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ လည်းကောင်း၊ ယနေ့နံနက်ပိုင်း တွင် အသီးသီးပြန်လည်ထွက်ခွာ ကြရာ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနု ပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများ က ထာဝရငြိမ်းချမ်းရေးကိုရရှိရေး သည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒ အစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်း ရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်း သားတွေ စည်းလုံးမှ ငြိမ်းချမ်း တည်ငြိမ်အေးချမ်းရ စသည့် တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာစာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံ တော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း Horizon Lake View Resort နှင့် နေပြည်တော် လေဆိပ်တို့၌ ပို့ဆောင်နှုတ်ဆက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်