ငြိမ်းချမ်းရေးဆွေးနွေးရန် လာရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

နေပြည်တော် ဩဂုတ် ၂၇


နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည် တော်သို့   ရောက်ရှိပြီး    ငြိမ်းချမ်း ရေး   ဆွေးနွေးဆောင်ရွက်ခဲ့သည့် ပအိုဝ်းအမျိုးသား    လွတ်မြောက် ရေးအဖွဲ့ချုပ်    (PNLO)   ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သည့် ငြိမ်းချမ်း ရေး    ကိုယ်စားလှယ်အဖွဲ့သည် တောင်ကြီးမြို့သို့ လည်းကောင်း၊ လားဟူဒီမိုကရက်တစ်   အစည်း အရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သည့်    ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည်    ရှမ်း ပြည်နယ်        တာချီလိတ်မြို့သို့ လည်းကောင်း၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ  (ALP)   ဒုတိယ ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင် သည့်    ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့သည်    ရခိုင်ပြည်နယ်    စစ်တွေမြို့သို့လည်းကောင်း ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားသည်။ 

 


အဆိုပါ    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး     အဖွဲ့ချုပ် (PNLO)   ဥက္ကဋ္ဌ    ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ်  အစည်း အရုံး(LDU) ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ဦးဆောင် သည့်    ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့ကို      အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု      ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့်  တာဝန်ရှိသူ များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန မှ      တိုင်းရင်းသား      တိုင်းရင်းသူ များ၊     ဌာနဆိုင်ရာ      ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို    လိုလားသည့် ဒေသခံပြည်သူများက     ထာဝရ ငြိမ်းချမ်းရေးကို     ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိ ရေးသည်   နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စု ကြီး    ငြိမ်းချမ်းဖို့     တွေ့ဆုံ ဆွေးနွေးကြပါစို့၊   တိုင်းရင်းသား တွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ   စသည့်   စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်း ကောင်း၊ နိုင်ငံတော်အလံငယ်များ    ကိုင်ဆောင်၍     လည်းကောင်း နေပြည်တော်ရှိ  Horizon Lake View Resort  နှင့်  နေပြည်တော် လေဆိပ်တို့၌ ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်