နွေရာသီအခြေခံအင်္ဂလိပ်စာ (Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

 

ဘားအံ   မတ်    ၃၀


ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်သည့် အားလပ်ရက် များတွင် အချိန်ကိုအကျိုးမဲ့ မကုန် ဆုံးစေဘဲ  အသိပညာ၊   အတတ် ပညာများ ကြွယ်ဝစေရန် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဘားအံခရိုင်ရုံးတွင် သင်တန်း များ   စဉ်ဆက်မပြတ်    ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ မတ် ၂၉ ရက်   နံနက် ၈ နာရီက  နွေရာသီ အခြေခံအင်္ဂလိပ်စာ (Grammar)သင်တန်းနှင့်       အခြေခံပန်းချီ သင်တန်းဆင်းပွဲများကို      လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပ သည်။
အဆိုပါသင်တန်းများကို ကရင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာန၊ ပန်းချီပညာရှင်များနှင့် ကရင် ပြည်နယ်     စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ် ခြင်းဖြစ်ပြီး  သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက  မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်     ကျောင်းသား ကျောင်းသူ၊   လူငယ်၊  လူရွယ်များ အတွက်      စိတ်ဓာတ်၊      ပညာ အားကောင်းစေမည့်၊ ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့်      ယခုကဲ့သို့ သင်တန်းများကို  ဖွင့်လှစ်ပေးနိုင် အောင်    အမြဲမပြတ်   ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး    သင် တန်းများ   ပြီးစီးသွားပါကလည်း သင်ကြား    တတ်မြောက်ခဲ့သည် များကို    အကျိုးဖြစ်ထွန်းစေရန်၊ ကျွမ်းကျွမ်းကျင်ကျင်     ပိုင်ပိုင် နိုင်နိုင်ဖြစ်လာစေရန် ဆက်လက် ကြိုးစား     လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်        ပြန်ကြားရေး  နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင် က       သင်တန်းဆိုင်ရာများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ၊   ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်      ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ  အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန     ပြည်နယ်ဦးစီးမှူးတို့ က အခြေခံအင်္ဂလိပ်စာ  Grammar သင်တန်း၊ အခြေခံပန်းချီသင်တန်း တို့တွင် သင်တန်းထူးချွန်ဆုရရှိကြ သူများကို      ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း   အောင်လက်မှတ် များ ပေးအပ်ချီးမြှင့်သည်။
ယနေ့   သင်တန်းဆင်းပွဲတွင် နွေရာသီအခြေခံပန်းချီသင်တန်း၌ သင်တန်းသား သင်တန်းသူ ၆၀၊ အခြေခံအင်္ဂလိပ်စာ   သင်တန်း၌ သင်တန်းသား သင်တန်းသူ ၃၅ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်း ကာလ     တစ်လကြာ    ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)