
နေပြည်တော် အောက်တိုဘာ ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် တော်ကြီး ဆေးထိုးစုရပ်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေး မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လည့်လည် ကြည့်ရှုအားပေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအထက်တန်းနှင့် အလယ် တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ နှာခေါင်း စည်းများ ဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထိုးနှံပေးသွားမည်
နေပြည်တော်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတို့မှ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကျောင်း ၄၉၆ ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းကျောင်းသား ကျောင်းသူ ၂၀၂၅၇ ဦးနှင့် အလယ်တန်းကျောင်းသား ကျောင်းသူ ၆၃၇၁၂ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူပေါင်း ၈၃၉၆၉ ဦးတို့ကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်