နေပြည်တော်၌ နှစ်သစ်ကူးဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၉


နေပြည်တော် ပျဉ်းမနားဂေါက်သီးရိုက်အသင်းက ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဖလား   ဂေါက်သီးရိုက်ပြိုင်ပွဲ    ဆုပေးပွဲအခမ်းအနားကို နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း ခန်းမဆောင်၌ ယမန်နေ့ ညနေ ၆ နာရီက  ပြုလုပ်ရာ  နေပြည်တော် အားကစားနှင့် ကာယ ပညာ ကော်မတီဥက္ကဋ္ဌ   နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး  တက်ရောက် အမှာစကားပြောကြားသည်။

 


အခမ်းအနားတွင်   နေပြည်တော်ကောင်စီအဖွဲ့ဝင်    ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက Winner ဆု၊ Whole in one ဆုနှင့် ဆုများ အသီးသီး ပေးအပ်ရာ ဆုရရှိသည့် ဂေါက်သီးအားကစားသမားများက အသီသီး လက်ခံရယူပြီး  ဂုဏ်ပြုညစာစားပွဲဖြင့်  အခမ်းအနားကို   ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။ 


နေပြည်တော်(ပြန်/ဆက်)