နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ဇုန်လေးဇုန်ခွဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

နေပြည်တော်   ဧပြီ    ၁၂


၂၀၂၃   ခုနှစ်   မြန်မာ့ရိုးရာ  အတာသင်္ကြန်ပွဲတော်    ကာလ အတွင်း   ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပိုမိုပျော်ရွှင်စွာ    ဆင်နွှဲနိုင်စေရန် အတွက်        နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို  ခမ်းခမ်း နားနားနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 


အဆိုပါ       နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို  အကြို နေ့မှစတင်၍        ပျဉ်းမနား- တောင်ညိုလမ်းမပေါ်ရှိ နေပြည် တော်  မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ  ဇုန်များသတ်မှတ် ကာ ဝန်ထမ်းများနှင့် ပြည်သူများ အားလုံး     ချစ်ကြည်ရင်းနှီးစွာ ဖြင့် ပျော်ရွှင်မှုရရှိစေရန် ရည်ရွယ် ၍    ခေတ်နှင့်အညီ    ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


လမ်းလျှောက်သင်္ကြန်အတွင်း ထူးခြား ၍    ခမ်းနားမှုရှိစေရန်   ဇုန်လေးဇုန်   သတ်မှတ်ထားကြောင်း၊ ဇုန်(၁)အတွင်း သနပ်ခါးသင်္ကြန်၊ ဇုန်(၂)အတွင်း တိုင်းရင်း သားသင်္ကြန်၊    ဇုန်  (၃) အတွင်း မြန်မာမှု မပျောက်ပျက်စေရန်နှင့်   နိုင်ငံတကာ အဆင့်တန်းမီ       အလှပြဖျော်ဖြေရေး   အစီအစဉ်များနှင့် ဇုန်(၄)အတွင်း လူငယ် နှင့်  ကလေးငယ်များအတွက်   လူငယ်ဂိမ်း သင်္ကြန်အစီအစဉ်များ   ထည့်သွင်းစီစဉ် ထားကြောင်း Brilliant Aura Co.,Ltd မှ Business   Development   Director ဒေါ်ဆုမြတ်လွင်က ပြောသည်။ 

 


“သနပ်ခါးသင်္ကြန်ဆိုတာက  အလွန် ထူးခြားတဲ့ အစီအစဉ်လေးပါ။ ဘယ်မှာမှ  မလုပ်ဖူးသေးပါဘူး။      သနပ်ခါးတွေ လိမ်းခြယ်ပြီး   ပျော်ပါးလို့ရအောင်  စီစဉ် ပေးခြင်း   ဖြစ်ပါတယ်။   တိုင်းရင်းသား သင်္ကြန်ဇုန်မှာတော့     တိုင်းရင်းသား ယဉ်ကျေးမှုတွေကို ပြသမှာပဲ ဖြစ်ပါတယ်။    ဂိမ်းဇုန်မှာတော့ ခေတ်မီတဲ့ Colour Party တွေ၊ ကစားတဲ့နေရာတွေ၊ Foam Party တွေနဲ့     ဂိမ်းအစီအစဉ်တွေ  အများကြီး   စီစဉ်ထားပါတယ်။ လာလည်မယ်ဆိုရင် မပျင်းရလေအောင်         ကဏ္ဍပေါင်းစုံ ထည့်သွင်းထားပါတယ်”ဟု         ၎င်းက  ပြောသည်။

 


နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ     ကျင်းပနိုင်ရေးအတွက်         ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်မှုကြောင့်  ပြီးစီး နေပြီဖြစ်ကာ လူငယ်များသာမက လူကြီး များပါ ပျော်ပျော်ရွှင်ရွှင်နှင့် ပေါ့ပေါ့ပါးပါး ဖြစ်စေရန် သေချာဂရုစိုက်ပြင်ဆင်လျက် ရှိကြောင်း၊          သင်္ကြန်အကြိုနေ့တွင် နေပြည်တော်   လမ်းလျှောက်သင်္ကြန်ကို နံနက်ပိုင်းမှစတင်၍      ဖွင့်လှစ်မည်ဖြစ် ကြောင်း၊ မွန်းတည့် ၁၂  နာရီနောက်ပိုင်း တွင် ပိုမိုထူးခြားဆန်းသစ်သည့် အစီအစဉ် ကောင်းများလည်းရှိကြောင်း       သိရ သည်။ 

 


“သင်္ကြန်အကျနေ့ကစပြီး  နံနက်  ၉ နာရီမှာ လမ်းလျှောက်သင်္ကြန်စဖွင့်ပါမယ်။ နေ့လယ်ပိုင်းမှာ တစ်ခေါက်နားပြီး မွန်းလွဲ ၃ နာရီကနေ ည ၇ နာရီခန့်အထိ ဖျော်ဖြေ ရေးအစီအစဉ်တွေနဲ့   တခြားအစီအစဉ် တွေ    ဆောင်ရွက်သွားမှာ  ဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့  သူတွေအနေနဲ့ လည်း   ဂိမ်းတွေဆော့မယ်။  နောက်ပြီး ဈေးဆိုင်ခန်းတွေမှာ မိမိကြိုက်နှစ်သက်တဲ့ အစားအစာတွေကို   စိတ်ကြိုက်စားလို့ ရပါမယ်။ စတုဒိသာမဏ္ဍပ်တွေမှာလည်း စားသုံးလို့ရမယ့်အပြင်  ဖျော်ဖြေရေးအစီ အစဉ်တွေကိုလည်း ကြည့်ရှုလို့ရမှာဖြစ်ပါ တယ်” ဟု  Business  Development Director ဒေါ်ဆုမြတ်လွင်က ပြောသည်။ 
ထို့ပြင်   လမ်းလျှောက်သင်္ကြန်အား လာရောက်  လည်ပတ်သူများအနေဖြင့် နိုင်ငံတကာအဆင့်မီ ပျော်ရွှင်စေလိုသည့် အတွက် ခေတ်မီစွာပြင်ဆင်ထားကြောင်း၊ ဝင်ကြေးအနေဖြင့် လူကြီး ငွေကျပ် ၃၀၀၀ နှင့် ကလေး ငွေကျပ် ၁၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။ 

 


“ဝင်ကြေးပေးပြီးရင်   နိုင်ငံတကာပွဲ တွေအတိုင်း  ဝင်ခွင့်လက်ပတ်လေးတွေ ပြန်လည်ပေးမှာ ဖြစ်ပါတယ်။ ဒီလက်ပတ် တွေမှာလည်း Day 1, Day 2, Day 3 ဆိုပြီး ရှိပါတယ်။ Day 1 ဝင်ကြေးလက်ပတ်ကို ဝယ်ပြီးသွားရင်      တစ်နေကုန်ဆော့လို့ ရပါမယ်။      လူကြီးနဲ့     ကလေးငယ်တွေ အတွက် ပျော်စရာကောင်းတဲ့ အစီအစဉ် ဖြစ်တဲ့      ရေလွှာလျှောစီးတွေပါမယ်။

 

ဆပ်ပြာမှုန့်အမြှုပ်တွေနဲ့  ကစားလို့ရတဲ့ ပါတီတွေလည်းပါမှာ        ဖြစ်ပါတယ်။ ကာလာပါတီမှာဆိုရင် DJ  Music တွေနဲ့ ရောင်စုံအမှုန့်တွေ ပက်ဖျန်းကစားလို့ရပြီး လူငယ်တွေ ပျော်ဖို့အတွက် စီစဉ်ထားပါ တယ်။ နောက်ထပ် ပေ ၁၅၀ အရှည်ရှိတဲ့ လူကြီးတွေစီးတဲ့        ရေလွှာလျှောစီးပါ ထည့်ထားပါတယ်။  ကလေးတွေအတွက် ပျော့အိအိ   ကစားကွင်းလည်း  ပါဝင်မှာ ဖြစ်ပါတယ်။   လူငယ်ရော  လူကြီးရော ကစားလို့ရတဲ့     ရေကူးကန်ကြီးလည်း ပါဝင်မှာဖြစ်တဲ့အတွက်   အသစ်အဆန်း ဖြစ်ပြီး      ပျော်စရာလည်းကောင်းတဲ့ အစီအစဉ်လေးဖြစ်စေမယ်လို့ ထင်ပါတယ်။ 

 


“နောက်ပြီး  လမ်းလျှောက်သင်္ကြန်မှာ အန္တရာယ်ဖြစ်စေမယ့် လက်နက်ကိရိယာ တွေ   မယူဆောင်လာဖို့   သတိပေးချင် ပါတယ်။         ပြင်ပအစားအသောက် သယ်ဆောင်တာတွေ၊         တစ်ဦးနဲ့ တစ်ဦး          ဣန္ဒြေပျက်ပြားစေမယ့် အပြုအမူတွေ၊   အရက်သေစာ  အလွန် အကျွံသောက်သုံးတာတွေကို ထိန်းသိမ်း ပေးဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်။ တားမြစ်ချက်တွေ     အလွန်တင်းကျပ် တာတွေ   မလုပ်ထားပါဘူး။   အားလုံး လွတ်လွတ်လပ်လပ်    ပေါ့ပေါ့ပါးပါးနဲ့ ပျော်စေချင်ပါတယ်။     ဒီလမ်းလျှောက် သင်္ကြန်ကို လာရောက်လည်ပတ်တဲ့အခါ တစ်နေရာတည်းမှာ    တစ်စုတစ်စည်း တည်း နိုင်ငံတကာအဆင့်မီ ကစားစရာ တွေ၊ စားစရာတွေ ပါဝင်မှာဖြစ်ပါတယ်။  ကလေးတွေအတွက်ဆိုရင်လည်း သင်္ကြန် ဆိုတဲ့    အဓိပ္ပာယ်ကို   မိသားစုတွေနဲ့ အတူတူပုံဖော်ဖို့အတွက်   ဖိတ်ခေါ်ချင် ပါတယ်။ နားနေနိုင်တဲ့ နေရာတွေလည်း စီမံပေးထားပါတယ်။       ဖျော်ဖြေရေး အစီအစဉ်တွေကအစ   အားလုံးအတွက် ပျော်စရာကောင်းပြီး အဆင့်မီတဲ့ ပွဲလေး တစ်ခုဖြစ်မယ်လို့   ယုံကြည်တဲ့အတွက် လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ခေါ် ချင်ပါတယ်”ဟု ၎င်းက ပြောသည်။

 


ထို့ပြင် နေပြည်တော်လမ်းလျှောက် သင်္ကြန်   ပိုမိုစည်ကားသိုက်မြိုက်စေရန် အတွက် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်များ၊   တိုင်းရင်းသား ရိုးရာ သင်္ကြန်မဏ္ဍပ်တို့တွင်လည်း  နိုင်ငံ ကျော် သရုပ်ဆောင်များ၊ အဆိုတော်များ ၏ တေးသီချင်းဖျော်ဖြေမှုများနှင့် ဝန်ကြီး ဌာနများမှ ယိမ်းအကဖွဲ့များ၏ အကအလှ များကိုခံစား၍ ပျော်ရွှင်စွာ ရေပက်ကစား နိုင်မည့်အပြင်        စတုဒိသာမဏ္ဍပ်များ၌ လည်း အစားအစာများ စားသုံးနိုင်ကြောင်း သိရသည်။ 


သတင်း - အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ကိုအေးသန်း