နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၁၃
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်  ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်  သစ်တွန် ကျေးရွာအုပ်စု မရမ်းတောင် (အောက်) ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်ကြသည်။ 
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ကုသ ရေးဦးစီးဌာန      နယ်လှည့်ဆေးကုသရေးအဖွဲ့က  ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊  ကျောင်းသူလေးများ အား သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် နေပြည်တော် ကျေးလက်လမ်းဦးစီး ဌာနမှ  တာဝန်ရှိသူများက မရမ်းတောင် (အောက်) ကျေးရွာအတွင်းလမ်း    ပြုပြင်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြသည်။
အလားတူ        ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မရမ်းတောင် (အောက်) ကျေးရွာအထိ ကွန်ကရစ်လမ်းခင်းပေး ရေးနှင့် မရမ်းတောင် (အထက်) ကျေးရွာသွားလမ်း မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေး တိုင်းတာခြင်း များ ဆောင်ရွက်ကြပြီး ပျဉ်းမနားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများက  ပန်းခင်းစီမံချက်  (၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ  ပြုလုပ်ပေးခြင်းတို့ကို  ဆောင် ရွက်ကြသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူး    ဦးဝင်းထိန်နှင့်      နေပြည်တော် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာ စံထွန်းဝေ တို့သည် မရမ်းတောင် (အောက်)   ကျေးရွာရှိ   သီရိမင်္ဂလာကျောင်းတိုက်  ဓမ္မာရုံ၌ ဒေသခံတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံ ကာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတိုးတက် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ  ပေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ 
သတင်းစဉ်