နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၁၁


နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်   နေပြည် တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်    နေပြည် တော် ဥတ္တရသီရိမြို့နယ် မင်းကုန်း ကျေးရွာရှိ      နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော် အုတ်စက်ရုံသို့   သွားရောက်၍ စက်ရုံအတွင်း အုတ်များထုတ်လုပ် နေသည့် လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက   အုတ်အရည်အသွေး စံချိန်စံညွှန်းများ    ပြည့်မီအောင် အလေးအနက်ထား ထုတ်လုပ်ရန်၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတိုးတက် အောင်ဆောင်ရွက်ရန်၊  လုပ်ငန်း ခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြု ရန်နှင့်လိုအပ်သည်များကို မှာကြား သည်။
ဆက်လက်၍  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာ အုပ်စု ပျဉ်းမနား- တောင်ညိုလမ်း ဘေးရှိ ကွင်းအမှတ် (၁၈၈၀)တွင် နွေစပါး စိုက်ပျိုးရန် ဆည်ရေရရှိမှု၊ ဆင်လူးငန်းစပ်ဆည်မှ စိုက်ပျိုးရေ ပေးဝေမှုနှင့် တောင်သူများ စီတာအစေ့ချစိုက်ပျိုးနည်းစနစ်ဖြင့် နွေစပါးစိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူ များက လက်ရှိစိုက်ပျိုးထားသည့် သီးနှံများ၏  အခြေအနေများနှင့် ယခင်ထွက်ရှိသည့် ထွက်နှုန်းများ ကို တင်ပြကြရာ  နေပြည်တော် ကောင်စီဥက္ကဋ္ဌက စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဆောင်းသီးနှံ များ၊   နွေသီးနှံများကို   တစ်ဧက ပန်းတိုင်အထွက်နှုန်း  ရရှိစေရေး အတွက်  မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းစနစ်များကို လစ်ဟာ မှုမရှိ    စနစ်တကျ    လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေး နှင့် သီးထပ်စွမ်းအားများ တိုးတက် ကောင်းမွန်အောင် စိုက်ပျိုးကြစေ လိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။ 
ယင်းနောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  ဉာဏ အောင်မြေလမ်း  တံတားနှစ်စင်း ချဉ်းကပ်လမ်းပေါ်ရှိ   ကွန်ကရစ် လမ်းသားပျက်စီးမှုကို  ကျောက်ကတ္တရာခင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊   Diplomatic   Zone   Development     Project ဆောင်ရွက်မည့်     မြေနေရာနှင့် သဒ္ဒမ္မဝေပုလ္လ     ပရိယတ္တိစာသင် တိုက် တည်ဆောက်မည့် မြေနေရာ၊ ဒက္ခိဏသီရိမြို့နယ်     အတွင်းရှိ မြတ်မင်္ဂလာလမ်းနှင့်  မာရဝိဇယ ဘုရား    အဝင်လမ်းဆုံနေရာတွင် ကားပါကင်    ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်   အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တောင်ဘက်တပေါင်းကွင်းအတွင်း  (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် နေပြည်တော်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ One Region One Product  ထုတ်ကုန်များ အပါ အဝင် ပြည်ပကိုတင်ပို့ရောင်းချနေ သည့်  MSME  ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် ဆိုင်ခန်း များတည်ဆောက်မည့် နေရာများ ကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး     နေပြည်တော် ကောင်စီဥက္ကဋ္ဌက  လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်  ရွက်ပေးပြီး   လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်