
နေပြည်တော် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက်ပါ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကင်း ထောက်အဖွဲ့၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ နေပြည်တော်မသန်စွမ်းအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ လူငယ် ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်းရှိသည့် လူငယ် များ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန် နှင့်ပြည့်စုံအောင် လူငယ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်ရာ တွင် ကော်မတီအဖွဲ့ဝင်အားလုံး သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ဟန်ချက်ညီညီဖြင့် ကော်မတီဝင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း၊ လူငယ်ရေးရာကဏ္ဍကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်က အထူးအလေးထားဂရုတစိုက်ဆောင်ရွက်နေခြင်းဖြစ် သည့်အတွက် နေပြည်တော် အတွင်းရှိ ကော်မတီဝင်များအနေ ဖြင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မူဝါဒ များ၊ မဟာဗျူဟာစီမံချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အထူး အလေးထားကာ ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာ ဗဟိုကော်မတီအတွင်း ရေးမှူး၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော် ကောင်စီ လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည် စိုးလင်းက နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီဆောင် ရွက်မှုအခြေအနေများကို ပါဝါပွိုင့် ဖြင့်လည်းကောင်း၊ ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆောင်ရွက်ချက်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က တင်ပြချက်များအား ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တင်ပြဆွေးနွေးမှုအပေါ် လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးပြီး လူငယ်ရေးရာလုပ်ငန်းများ အောင် မြင်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရ သည်။ ထွန်းထွန်းဝင်း(ပြန်/ဆက်)