
နေပြည်တော် နိုဝင်ဘာ ၁၈
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက် လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလ သုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲ
တန်ဆောင်တိုင် မီးထွန်းပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ကျင်းပပြုလုပ်ကြပြီး နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ အဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက တက်ရောက်မီးထွန်းညှိပူဇော်ကြသည်။
b ရှေ့ဖုံးမှ
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော ဧည့်ပရိသတ်များက ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက ရွှေဘုန်းပွင့်စေတီ တော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ထွန်းညှိပူဇော်ကြပြီး စေတီတော် ရင်ပြင်တော်တွင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ကြသည်။ ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြား၍ အမျှပေးဝေသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ဆီမီး ၁၀၀၀ ထွန်းညှိ ပူဇော်ပွဲအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှ များဖြင့် မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီပြုလုပ်ခဲ့သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင် ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်