နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းစဉ်များ ကြည့်ရှုစစ်ဆေး

 

ပျဉ်းမနား   မတ်   ၃၀


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင်      လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  တာဝန်ရှိသူများက စိုက်ပျိုးရေးသိပ္ပံ    (ပျဉ်းမနား)   ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား    ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်း   လုပ်ငန်းစဉ်များ အား       နေပြည်တော်ကောင်စီ အဖွဲ့ဝင်     ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများက          ကြည့်ရှု စစ်ဆေးသည်။

 


လူဝင်မှု       ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား    ဝန်ကြီးဌာနမှ တာဝန်ယူ   ဆောင်ရွက်နေသည့် နိုင်ငံအတွင်း  နေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက်  နိုင်ငံသားတို့ ၏     Biographic   Data     နှင့် Biometric Data များကောက်ယူ၍ Database   တွင်  သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍  မှတ်ပုံတင် ထုတ်ပေးနိုင်ရေး     ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် စိုက်ပျိုးရေး သိပ္ပံ (ပျဉ်းမနား)ရှိ  ဆရာ၊ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များအား ဇီဝဆိုင်ရာအချက်အလက်       (Biometric Data)    ကောက်ယူ သည့်  လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို  နေပြည်တော်ကောင်စီ  အဖွဲ့ဝင်          ဦးကျော်သိန်းဆိုင်၊ ပျဉ်းမနားခရိုင်   စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ    ဦးအောင်ကိုဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ပြီး   လိုအပ်သည်များကို  ပူးပေါင်း ဆောင်ရွက်ပေးကြောင်း    သိရ သည်။  

    
 မျိုးသီဟ(ပြန်/ဆက်)