ဥတ္တရသီရိ ဇူလိုင် ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရ သီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု အမှတ် (၅၂) သစ်စက်ကျေးရွာတွင် တည်ရှိသည့် သစ်လွင်ကမ္ဘာ ရွှေပြည်တန်ကုမ္ပဏီ၏ အုတ်စက်ရုံအကောင်အထည်ဖော် ဆောင်ရွက် မှုအခြေအနေနှင့် ဖိုးစောင်းတောင်ပေါ်ရှိ Mount Pleasant Hotel ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဇူလိုင် ၅ ရက် က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါစစ်ဆေးခြင်းတွင် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့၊ အဖွဲ့ခေါင်းဆောင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာ လင်း၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်၊ နေပြည် တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြင့် ကျော်၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင် ဦးမျိုးချစ်၊ အတွင်းရေးမှူး ရဲမှူးဝင်းလွင်တို့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များ၏ တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)



