နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိ

 

နေပြည်တော်    နိုဝင်ဘာ   ၁၉


ကိုဗစ်-၁၉    ကပ်ရောဂါ  အန္တရာယ်ကြောင့်  ၂၀၂၀ ပြည့်နှစ် မတ် ၁၆  ရက်မှစ၍ ခေတ္တပိတ်ထားခဲ့ရသော လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သော ကိုယ့်အားကိုယ်ကိုး      မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ၏ အတည်ပြုချက်အရ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်         ဖွံ့ဖြိုးရေးလုပ်ငန်းဗဟို ကြီးကြပ်ရေးအဖွဲ့၏ နိုဝင်ဘာ ၁၁ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် ၁/၂၀၂၁ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ  စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အသက် ၃ နှစ်မှ ၅ နှစ်အတွင်းရှိ မူလတန်းကြိုအရွယ် ကလေးငယ်များကို  ကာယ၊  ဉာဏ၊  စာရိတ္တ၊ လူမှု ဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အသက်အရွယ် အလိုက် ဖွံ့ဖြိုးမှုများရရှိနိုင်စေရန် ရည်ရွယ်၍ မူကြို ကျောင်းများဖွင့်လှစ်ပြီး      ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၂၀ ပြည့်နှစ် မတ်လ အထိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ဌာန မူလတန်းကြိုကျောင်း(၁၄၂)ကျောင်းတွင်  ကလေး ဦးရေ ၁၉၀၆၉ ဦးကို သင်ကြားလေ့ကျင့်ပေးလျက် ရှိသည်။  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုအခြေအနေ ကြောင့် မူလတန်းကြိုကျောင်းများကို တစ်နှစ်ကျော် ကြာ ပိတ်ထားခဲ့ရာမှ  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်နိုင်သည့်အချိန်တွင်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ Text Box: -၂-တွင် ဌာနမူလတန်းကြိုကျောင်း    (၈၇)  ကျောင်းကို  နိုဝင်ဘာ ၁၅ ရက်မှ စတင်ဖွင့်လှစ်၍ ကလေးဦးရေ ၂၂၄၅ ဦးကို    လက်ခံပြီး  သင်ကြားလေ့ကျင့်ပေးလျက် ရှိသည်။ 

 


ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုနှင့်  ဒေသအခြေ အနေများအရ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင် ခြင်းမရှိသေးသော ဒေသများတွင် ကလေးငယ်များ အတွက် သင်ကြားလေ့ကျင့်မှုများ စဉ်ဆက်မပြတ် ရရှိနိုင်စေရန်  မူလတန်းကြိုကျောင်း (၃၄) ကျောင်းကို (Online) အစီအစဉ်ဖြင့်ဖွင့်လှစ်ပြီး ကလေးဦးရေ ၃၀၇ ဦးကို  သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၅ ရက်တွင်  မူလတန်းကြို ကျောင်းပေါင်း (၁၂၁)ကျောင်းတွင် ကလေးဦးရေ ၂၅၅၂ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရ သည်။ ထိုနည်းတူစွာ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများ ကိုလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံးတွင် တစ်ပြိုင်နက် ဖွင့်လှစ်ပြီး သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်