နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ၂၀၂၄ ခုနှစ်၊ အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၃၀


နေပြည်တော်   ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏   စီစဉ်ကြီးကြပ်မှုဖြင့်   ၂၀၂၄  ခုနှစ်၊  အမျိုးသား ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ ကျင်းပသည်။  
အခမ်းအနားသို့    ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့် စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီး များ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့်   ဗဟိုအလုပ်အမှုဆောင်/အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊     နေပြည်တော်ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်      အဖွဲ့ဝင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်     ဟိုတယ်ဆိုင်ရာ    လုပ်ငန်းရှင်များ အသင်း၏  ၂၀၂၄  ခုနှစ်၊  အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ၏   ဗိုလ်လုပွဲစဉ်ကို   ကြည့်ရှု အားပေးသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင်     ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်     ပြည့်စုံသော    လူငယ်လူရွယ်များ မရှိမဖြစ်လိုအပ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးမှာ အရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို   အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မှာလည်း အဖွဲ့အစည်းစိတ်ဓာတ် ဖြင့် ဆောင်ရွက်တတ်ကြရန် လိုအပ်ပါကြောင်း၊ ယခု ကဲ့သို့     အားကစားပြိုင်ပွဲများ     ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များအနေနှင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး စည်းလုံးညီညွတ်မှုအင်အားကို အလေး ထားတတ်လာမည်ဖြစ်ပါကြောင်း၊    နေပြည်တော် ဟိုတယ်ဇုန်ကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ဟိုတယ်ဇုန်များကလည်း မိမိတို့ဇုန်အလိုက် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေး စေလိုပါကြောင်း၊ ဟိုတယ်များရှိ ဝန်ထမ်းများအနေ နှင့် ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းခွင်ပျော် ၍    လုပ်ငန်းများ   အောင်မြင်တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမည်   ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ မိုက်ခ် (MICE) ခရီးသွားလုပ်ငန်းသာမက     အားကစားခရီးသွား လုပ်ငန်းတို့ကိုပါ   အစိုးရ - ပုဂ္ဂလိက  ပူးပေါင်းဆောင် ရွက်မှုဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ ကျော်မင်းထွန်းက ပြိုင်ပွဲဖြစ်ပေါ်လာပုံနှင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊    အမြဲတမ်းအတွင်းဝန်၊   ဒုတိယ အမြဲတမ်းအတွင်းဝန်၊    နေပြည်တော်   ဟိုတယ်နှင့် ခရီးသွား   ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူး၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌတို့က ပြိုင်ပွဲ ကျင်းပရေး ဒါရိုက်တာများ၊ အမှတ်ပေးအကဲဖြတ်ဒိုင် လူကြီးများ၊      ပွဲစဉ်တစ်လျှောက်    အကောင်းဆုံး အားကစားသမားဆုရရှိသူများ၊    ပထမ၊   ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိသည့် ဟိုတယ်အသင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ၊    ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြှင့်ကြသည်။
ထို့နောက်       ပြိုင်ပွဲဝင်ဟိုတယ်များအားလုံး ကိုယ်စား     ရွှေနန်းတော်ဟိုတယ်မှ     ကျေးဇူးတင် ဝမ်းမြောက်စကား     ပြောကြားပြီး      အမှတ်တရ မှတ်တမ်းတင်      ဓာတ်ပုံရိုက်ကြကြောင်း     သိရ သည်။

သတင်းစဉ်