
နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာ များတွင် နေထိုင်ကြသော ဝန်ထမ်းမိသားစုများနှင့် လူပျို/ အပျိုဆောင်များတွင် နေထိုင်ကြ သည့်ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးအသီးသီးသို့ သွားရောက် ဝယ်ယူရန်မလိုဘဲ အိမ်ရာများတွင် လွယ်ကူအဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်း မော်တော်ယာဉ် နှစ်စီးဖြင့် ဝန်ထမ်းအိမ်ရာများ အရောက် သန့်ရှင်းလတ်ဆတ်သော ဟင်း သီးဟင်းရွက်၊ ကုန်ခြောက်နှင့် သား/ငါးများကို သင့်တော်သော ဈေးနှုန်း၊ အလေးချိန်ခွင် ပြည့်မီ မှန်ကန်စွာဖြင့် နေ့စဉ်လှည့်လည် ရောင်းချပေးလျက်ရှိသည်။
ဈေးရောင်း မော်တော်ယာဉ် များဖြင့် ဓနသိဒ္ဓိရပ်ကွက်၊ ကံ့ကော် အိမ်ရာ၊ နေပြည်တော် စည်ပင် အိမ်ရာ၊ ဇမ္ဗူသီရိဆေးရုံအိမ်ရာနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် အိမ်ရာများသို့ လည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်၊ ပိတောက် အိမ်ရာ၊ ခရေအိမ်ရာ၊ သဇင်ဆောင် နှင့် သပြေဆောင်များသို့လည်း ကောင်း အလှည့်ကျစနစ်ဖြင့် နေ့စဉ် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်