
နေပြည်တော် ဇန်နဝါရီ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရား မဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး သစ်တောဦးစီးဌာန များမှ ပေးပို့လာသော စာရင်းများ အရ တရားမဝင်ကျွန်း ၃၃ ဒသမ ၇၅၃၆ တန်၊ သစ်မာ ၁၃ ဒသမ ၂၉၂၆ တန်၊ အခြား ၆၉ ဒသမ ၇၄၈၈ တန် စုစုပေါင်း ၁၁၆ ဒသမ ၇၉၅၀ တန်၊ ယာဉ်/ ယန္တရားငါးစီး၊ တရားခံ ၁၂ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်