
နေပြည်တော် ဧပြီ ၉
၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင် ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် ရုပ်ရှင်/ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များဖြစ်ကြသည့် Rejen ၊ Henny နှင့် 7 Kids Doll Group ၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦး ပါဝင်ပြီး ယနေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ နိုင်ငံခြား ဘာသာတက္ကသိုလ်(ရန်ကုန်) မှ ကိုရီးယားဘာသာစကား သင်ယူနေကြ သည့် ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ လည်းကောင်း၊ အနုပညာရှင်များ၏ ဓာတ်ပုံနှင့် အမည်စာတန်းပါကားချပ် များ ကိုင်ဆောင်၍လည်းကောင်း၊ ရန်ကုန်အနုပညာ အထက်တန်း ကျောင်း(ပန်တျာကျောင်း)မှ အိုးစည်/ဒိုးပတ်အဖွဲ့မှ အတီးအမှုတ်၊ အကတို့ဖြင့်လည်းကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
အဆိုပါ အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ် တွင် တည်းခိုကြမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop အနုပညာရှင် ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင် လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင်လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ် ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယား နာမည်ကျော်တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်