
နေပြည်တော် စက်တင်ဘာ ၂၂
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ အနာဂတ်ကြယ်ပွင့် ကလေးများ ပရဟိတဂေဟာသို့ ဆန် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာနှင့် ငွေကျပ် လေးသိန်းတို့ကို ယနေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ် ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အနာ ဂတ် ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာမှ သားငယ် သမီး ငယ် ကျောင်းသား ကျောင်းသူများ အတွက် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ကိစ္စ အကူအညီ တောင်းခံလာခြင်းမှ ဤပရဟိတ ဂေဟာကို သိရှိ၍ လာရောက် ရခြင်းဖြစ်ပါကြောင်း၊ ကိုယ်ကျင့် တရားကောင်းမွန်ပြီး စည်းကမ်း ပြည့်ဝသော လူငယ်များအဖြစ် နေထိုင်ကျင့်ကြံရမည် ဖြစ်ပါ ကြောင်း၊ ပညာကို ကြိုးစားရှာဖွေ ကြရမည်ဖြစ်ပါကြောင်း၊ ရည်မှန်း ချက်ပန်းတိုင်ကို တစိုက်မတ်မတ် လုပ်ဆောင်ကြရမည် ဖြစ်ပါ ကြောင်း တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျောင်းသား ကျောင်းသူ လူငယ်များကို အားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆန်၊ ဆီနှင့် ငွေကျပ် လေးသိန်း တို့ကို ထောက်ပံ့လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးလင်း ထန်က လက်ခံရယူပြီး အနာဂတ် ကြယ်ပွင့်ကလေးများ ပရဟိတ ဂေဟာမှ သားငယ် သမီးငယ်များ က အကများနှင့် သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကာ သိက္ခာ တော်ရဆရာတော်က ကျေးဇူးတင် စကား ပြောကြားသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ် ရွှေကြာပင်ရပ်ကွက်ရှိ အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာတွင် ချင်းပြည် နယ် ကန်ပက်လက်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့နယ်တို့မှ ချင်းတိုင်းရင်းသား တိုင်းရင်းသူ ၃၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှ နာဂ တိုင်းရင်းသား တိုင်းရင်းသူ ၂၄ ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ အာခါတိုင်းရင်း သား တိုင်းရင်းသူ လေးဦး စုစုပေါင်း ၆၀ လာရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်