
နေပြည်တော် ဖေဖော်ဝါရီ ၂၃
နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဝန်ပြန် ကျေးရွာရှိ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း အစည်းအဝေးခန်းမ၌ အုန်းမာလာခွံကြယ်သီး သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါသင်တန်းကို မြန်မာ နိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမ အသင်းလီမိတက်၊ အုန်းမာလာခွံ ကြယ်သီးပညာရှင်များက ကြီးမှူး ၍ ဒေသထွက်ကုန်ကြမ်းများ ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနိုင်ရေး၊ သွင်းကုန်အစားထိုး နိုင်ရေး၊ တစ်ပိုင်တစ်နိုင်မှတစ်ဆင့် စီးပွားဖြစ် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့ တင်ပို့ နိုင်ရေးရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်၀င်း၊ ဇေယျာသီရိမြို့နယ် msme ဥက္ကဋ္ဌ ဦးအောင်မိုးခိုင်၊ အုန်းမာလာခွံ ကြယ်သီးပညာရှင် ဦးဖိုးဇော်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ် ကြောင်း သိရသည်။
ဇော်ဘီ၊ ဓာတ်ပုံ - ကိုဖြိုး