
နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီး မင်းနောင် ဦးစီးသည့် ဌာန ဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘန့်ဘားကျေးရွာအုပ်စု ဆိတ်ဖူး တောင်ကျေးရွာသို့ မော်တော် ယာဉ်များဖြင့် ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီး မင်းနောင် သည် ဆိတ်ဖူးတောင်ကျေးရွာ ရှိ သာသနာ့မဏိရတနာကျောင်း တိုက်၌ ခရီးစဉ်တွင်လိုက်ပါလာကြ သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင် ရွက်ရမည့် အခြေအနေများ၊ ဘန့်ဘားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ပညာရေး၊ ကျန်းမာ ရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး ဆောင်ရွက် သွားမည့် အခြေအနေများ၊ ဘုန်း တော်ကြီးကျောင်းများ၊ ကျေးရွာ များနှင့် အခြေခံပညာကျောင်းများ ကို အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် မည့် အစီအမံများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပျဉ်းမနားမြို့နယ် ဦးစီးရုံးမှ တာဝန်ရှိသူများသည် ဘန့်ဘား ကျေးရွာအုပ်စုရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်း သား ကျောင်းသူများအား ပန်းခင်း စီမံချက်(၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားတို့ကို ဆောင် ရွက်ပေးသည်။
ထို့ပြင် နေပြည်တော်ကုသရေး ဦးစီးဌာနမှ နယ်လှည့်ဆေးကုသ ရေးအဖွဲ့သည် ဆိတ်ဖူးတောင် ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေ ပြည်သူများကို အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ မှ တာဝန်ရှိသူများက ဆိတ်ဖူး တောင်ကျေးရွာအတွင်း သွားလာရ ခက်ခဲသည့်နေရာများ၌ ကျေးရွာ ချင်းဆက်လမ်း ဖောက်လုပ်ပေး ရန် မြေနေရာ ကြည့်ရှုတိုင်းတာ ခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူများက ဆိတ်ဖူး တောင်ကျေးရွာတွင် မွေးမြူထား ရှိသည့် တိရစ္ဆာန်ကောင်ရေ အရေ အတွက်အား မြေပြင်စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။ သတင်းစဉ်