နှစ်သစ်ဦးဆုတောင်းစကား

 

၂၀၂၁ ခုနှစ်ကုန်ဆုံး၍ ၂၀၂၂ ခုနှစ်  နှစ်သစ်မင်္ဂလာ နှစ်ဦးအခါသမယမှာ မြန်မာပြည်သူ  ပြည်သား၊   ကမ္ဘာသူ   ကမ္ဘာသားအားလုံးတို့သည်  ချမ်းမြေ့ သာယာဝဖြိုးသော သုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ၍ ဆင်းရဲခြင်းအမျိုးမျိုး၊ ကိုဗစ်-၁၉ အစရှိသော ရောဂါအမျိုးမျိုး၊ သတ္တဝါအချင်းချင်း ညှဉ်းပန်းနှိပ်စက် ခြင်း၊ ကပ်ကြီးသုံးပါးတို့မှ လွတ်မြောက်ကြပါစေ။

 


ယောဝေကတညုတာ ကတဝေဒီ ဓီယော
ကလျာဏမိတ္တော ဒဠဘတ္တိဟောတိ။ 
ဒုက္ခိတဿ သက္ကစ္စံ ကရောတိကိစ္စံ။
တထာဝိဓံ သပ္ဗူရိသံ ဝဒန္တိ။ 
လောကကြီးကို   သာယာစိုပြည်ငြိမ်းချမ်းအောင်   ပြုလုပ်ပေးနိုင်သော 
ကတညုတ၊ သူတစ်ပါးတို့ ကျေးဇူးအထူးသိတတ်ခြင်း။ 
ကတဝေဒီ၊ ကျေးဇူးအထူးတုံ့ပြန်ပေးဆပ်ခြင်း။ 
ကလျာဏမိတ္တတာ၊ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းရှိခြင်း။ 
ဒဠဘတ္တိ၊ လူကြီးမိဘ ဆရာသမားကောင်းတို့ကို အမြဲမပြတ် မှီဝဲဆည်းကပ် 
ခြင်း။ 


ဒုက္ခိတဿ  သက္ကစံ၊   ဆင်းရဲဒုက္ခရောက်သူများကို   တတ်နိုင်သမျှ  ကူညီ 
စောင့်ရှောက်ခြင်း။ ဟူသော  သူတော်ကောင်းလက္ခဏာတရား ငါးပါးနှင့် 
ပြည့်စုံ၍ လောကကြီးကို သာယာဝဖြိုး၊ ငြိမ်းချမ်းစိုပြည်အောင် လုပ်ဆောင် 
နိုင်ကြသည့် မြန်မာပြည်သူပြည်သား၊ ကမ္ဘာသူကမ္ဘာသားတို့  ဖြစ်နိုင်ကြ 
ပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။

 


အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနိမလ (Ph.D, Buddhism)
နန္ဒာအောင်မြေကျောင်း - ပဓာနနာယကဆရာတော်
လိပ်ပြာကန်ကျောင်းတိုက်၊ ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။