နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျထုတ်ဝေမည်

 

နေပြည်တော်    ဧပြီ    ၁ 


မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း   ပြန်ကြားရေးဝန်ကြီးဌာန၊  သတင်းနှင့်  စာနယ်ဇင်းလုပ်ငန်း၏  နေ့စဉ်ထုတ် သတင်းစာများကို  အလှည့်ကျထုတ်ဝေမည်ဖြစ်ပါသည်။

 


ဧပြီ  ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင်    ကြေးမုံသတင်းစာနှင့်  The Global New Light of Myanmar  သတင်းစာတို့   ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာကို ခေတ္တရပ်နားသွားမည်ဖြစ်ပါသည်။

 


ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင်   မြန်မာ့အလင်းသတင်းစာကို   ထုတ်ဝေမည်ဖြစ်ပြီး  ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာ တို့ကို ခေတ္တရပ်နားသွားမည်ဖြစ်ပါသည်။

 


ထို့အတူ   ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ) မှ (ဗုဒ္ဓဟူးနေ့) တိုင်း ရခိုင်ဘာသာဖြင့် ထုတ်ဝေသည့်  ရွှီပြည်ရခိုင် ပုံရိပ်အချပ်ပိုကို   ဧပြီ ၁၂ ရက်နေ့တွင်    လည်းကောင်း၊    ကိုယ်ပွားသတင်းစာတိုက်  (တောင်ကြီး)မှ(ကြာသပတေးနေ့)တိုင်းထုတ်ဝေသည့် ရှမ်းဘာသာ  တိုင်းရင်းသားကဏ္ဍအချပ်ပိုကို  ဧပြီ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွားသတင်း စာတိုက်(မော်လမြိုင်)  မှ   (တနင်္ဂနွေနေ့)တိုင်း  ထုတ်ဝေလျက်ရှိသည့် မွန်၊ စကောကရင်၊   ပိုးကရင်၊    ပအိုဝ်းတိုင်းရင်းသား ဘာသာအချပ်ပိုကို ဧပြီ ၉ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလ ကျော်လွန်ပါက ပုံမှန်ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ပါသည်။

 


သတင်းစာကြော်ငြာများကိုမူ  သတင်းစာတိုက်များ၏   အလှည့်ကျပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ  လက်ခံသွား မည်ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ပါသည်။                                                                   

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း