
မုဒုံ ဇန်နဝါရီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ယခုတစ်ပတ် နှစ်သစ်ကူးရုံးပိတ်ရက်များ၌ နှစ်ဦးကုသိုလ်ပြု ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးရုံးပိတ်ရက်၌ မြို့နယ်အတွင်းရှိ အထင်ကရဘုရားစေတီပုထိုး များဖြစ်သည့် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၊ ဆံတော်ရှင် ကန်ကလေးစေတီတော်၊ ကမာဝက်မြို့ ဓာတ်တော်ကျောင်း၊ ဘင်လှိုင်စေတီတော်၊ အတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီးနှင့်ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီးများတွင် နေ့ချင်းပြန်လာရောက်ဖူးမြော်ကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးမိဘပြည်သူများ၊ နှစ်ဦးကုသိုလ်ယူကြသူများ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ အလှူ အတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကြသူများ၊ ငါးစာကျွေးကုသိုလ်ပြုကြသူများနှင့် အမှတ်တရပစ္စည်း ရောင်းစျေးဆိုင်များတွင် အပန်းဖြေသူများနှင့် ကောင်းမှု ကုသိုလ်ပြုလုပ်ကြသူများဖြင့် စည်ကားနေပြီး အစိုးရရုံးပိတ်ရက်များအပြင် နေ့စဉ်လာရောက်ဖူးမြော်လျက်ရှိ ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များတို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားကြောင်း ဘုရားစေတီဂေါပကအဖွဲ့မှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)