နှစ်သစ်ကူးရုံးပိတ်ရက် ချောင်းသာကမ်းခြေ၌ ယခင်ပုံမှန်ရက်များထက် လာရောက်အပန်းဖြေသူ ပိုမိုစည်ကားများပြား

 

ချောင်းသာ    ဇန်နဝါရီ    ၁


ပုသိမ်ခရိုင်      ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ် ကူးရုံးပိတ်ရက်ကာလ အပန်းဖြေ လာရောက်သူ ရေကစားသူများ ဖြင့်   ယခင်ပုံမှန်ရက်များထက် ယနေ့နံနက်ပိုင်းက ပိုမိုစည်ကား လျက်ရှိသည်။

 


“ဒီနေ့    မနက်အစောပိုင်း ကတည်းက ဈေးရောင်းကောင်း ပါတယ်။ ဟိုတယ်၊ တည်းခိုခန်း တွေလည်း    ဧည့်သည်ပြည့်လို့   ရွာထဲလည်း   တည်းကြတယ်လို့    ကြားတယ်။ ကမ်းခြေမှာ  ဒီနေ့ဆို   နေ့လယ်လောက်ထိ    ရေကူးသူ တွေ    ပြည့်နေပါတယ်”   ဟု ကမ်းခြေအမှီပြု စျေးရောင်းချသူ တစ်ဦးထံမှ သိရသည်။

 


ကမ်းခြေသို့    လာရောက်သူ များ အေးချမ်းပျော်ရွှင်စွာအနားယူ အပန်းဖြေရန်နှင့် ကမ်းခြေသာယာ လှပစေရန်အတွက်  မြို့အုပ်ချုပ် ရေးမှူးရုံးနှင့် ဟိုတယ်နှင့်ခရီးသွား  ညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင် သာယာရေးအဖွဲ့၊     ပြန်/ဆက်၊  နယ်မြေခံတပ်/ ရဲများ၊  မီးသတ် ဝန်ထမ်းများ ပါဝင်သည့်  ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က  ကမ်းခြေတွင်   ဈေးရောင်းချနေ သော ဈေးသည်များအား ဈေးဆိုင် နေရာများကို သတ်မှတ်နေရာများ စနစ်တကျခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များကို   စနစ် တကျ   စွန့်ပစ်ရန်နှင့်   ကမ်းခြေ သို့     လာရောက်လည်ပတ်ကြ သည့်     ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ     နားနေ အပန်းဖြေနိုင်ရန်အတွက်တို့ကို   ကွင်းဆင်းကြပ်မတ်      ဆောင် ရွက်ပေးလျက်ရှိကြောင်း    သိရ သည်။


ကျော်ကျော်(ပြန်/ဆက်)