နှစ်သစ်ဆုပန် အဓိဋ္ဌာန်

 

 နှစ်သစ်ဆုပန် အဓိဋ္ဌာန် 
 

i      နှစ်သစ်ကူး သည်ချိန်ခါ
        ဆွေသဟာ မာစေကြောင်း
        ဆုတောင်းပန်ထွာ၊
        လူသစ် စိတ်သစ်နှင့်
    အားအင်သစ်ပြည့်ဝစွာ
    ဘဝတာ ဆက်ဖြတ်သန်း။
    မကောင်းမှုရှောင်ကြဉ်ပါမှ
    အောင်မြင်စွာ စီးပွားတက်
    စိတ်လက်အေးချမ်း ။       
i     နှစ်သစ်ကူး သည်ချိန်ခါ
        ပြည်မြန်မာ သာစေကြောင်း
        ဆုတောင်း ပန်ထွာ ၊
        အင်အားစုံ ပေါင်းစုရုံး
        စည်းလုံးလို့ ညီညီညာ
        ရန်ဘယာ ကင်းစင်ဝေး ။
        ပြည်သူတွေစုပေါင်းအားနှင့်
        နိုးကြားကာ ကိုယ်စီကြိုးမှ
        တိုးတက်မည်လေး ။        
        ပြည်သူတွေစုပေါင်းအားနှင့်
        နိုးကြားကာ ကိုယ်စီထမ်းမှ
        ငြိမ်းချမ်းမည်လေး ။        ။
                    မောင်သင်းပျံ့(ကျိုက်ထော်)