
ကျိုက်ထို ဇန်နဝါရီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို နှစ်သစ်ကူး အလုပ်ပိတ်ရက်များတွင် ဘုရားလာရောက်ဖူးမြော် ကြသည့် ပြည်သူများ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူ စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထိုမြို့၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ရပ်နီး ရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက တောင်တက် ကား၊ ကေဘယ်လ်များဖြင့် တောင်တော်ပေါ်သို့ အေးချမ်းစွာ တက်ရောက်လာကြပြီး ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ကာ အေးချမ်းစွာဖြင့် ဘုရားဖူးမြော်လျက်ရှိကြသည်။
အဆိုပါ ဘုရားဖူးလာ ပြည်သူများအား ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ ဖူးမြော်ကြည်ညိုနိုင်ရေး ဘုရား ဂေါပကအဖွဲ့များက နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)