နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်လုပ်လက်စားအိမ်ထောင်စုများအတွက် ဆန်များထောက်ပံ့လှူဒါန်း

 

ဝေါ   ဇူလိုင်   ၂


၂၀၂၂ ခုနှစ်    နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ   သမဝါယမ နေ့ကို  ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ချို့တဲ့သော  လက်လုပ်လက်စားအိမ်ထောင်စုများအတွက်  ဆန် များကို  ဝေါမြို့နယ် သမဝါယမ အသင်းများက စုပေါင်း၍ ဇူလိုင် ၂ ရက်က ထောက်ပံ့လှူဒါန်းသည်။

 


 မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပ သည့် ဆန်များထောက်ပံ့လှူဒါန်း ပွဲတွင်   မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးအရာရှိ ဦးအေးလွင်က နှစ် (၁၀၀) ပြည့်       အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့်      မြို့ပေါ် ရပ်ကွက်အတွင်းရှိ  ချို့တဲ့သော လက်လုပ်လက်စား အိမ်ထောင်စု များအား ဆန်ထောက်ပံ့လှူဒါန်း ခြင်းဖြစ်ကြောင်း  ပြောကြားပြီး  မြို့ပေါ်ရပ်ကွက်     ငါးခုအတွင်းရှိ ချို့တဲ့သော   လက်လုပ်လက်စား အိမ်ထောင်စုများအတွက်   ဝေါ မြို့နယ်       သမဝါယမအသင်းစု လီမိတက်နှင့်  အခြေခံသမဝါယမ အသင်းများမှ   ထောက်ပံ့သော ဆန်အိတ်၂၀၊ ပြည်ဖြိုးအောင်ဈေး သမလီမိတက်မှ  ထောက်ပံ့သော ဆန်ငါးအိတ်နှင့်   စုမြတ်ရတနာ ငွေစုငွေချေးဈေးသမလီမိတက်မှ ထောက်ပံ့သော  ဆန်  ၁၀  အိတ် တို့ကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်    တာဝန်ရှိသူများက   ချို့တဲ့သောပြည်သူများကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့   ထောက်ပံ့လှူဒါန်းခဲ့သည်။              

 စိုးမိုး(ပြန်/ဆက်)