
မြဝတီ မေ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အီလက် ထရောနစ် မှတ်ပုံတင်စနစ်ဦးစီး ဌာနသည် နိုင်ငံအတွင်း နေထိုင် သူများမှ အသက် ၁၀ နှစ်ပြည့် ပြီး နိုင်ငံသားစိစစ်ရေးကတ် ရှိသူများကို အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက် များ၊ ဇီဝအချက်အလက်များကို ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံး၌ ဇီဝအချက်အလက်များ ကောက်ယူ ရန်အတွက် ၂၀၂၃ ခုနှစ် ဧပြီလမှ စ၍ လျာထားချက် ၂၂၂၆၀ စတင် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ် ၂၉ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်နေ့ထိ UID ဆောင်ရွက် ပြီးစီးမှုအားဖြင့် ၂၂၉၉၇ ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့သည် နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်သည်နှင့် အညီ မြန်မာ-ထိုင်း အမှတ်(၁)၊(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် မဲဆောက်မြို့သို့ BP / TBP လက်မှတ်များဖြင့် သွားရောက်နိုင် ရေးအတွက် နိုင်ငံပိုင်သတင်းစာမှ ပြည်သူများသို့ တရားဝင် အသိပေး ကြေညာချက်တွင် နယ်စပ် ဝင်/ထွက်ဂိတ်များသို့ BP/TBP လက် မှတ် လာရောက်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်မူရင်းနှင့်အတူ UID စာရွက်ပါ တစ်ပါတည်း ယူဆောင် လာကြရန်နှင့် မေ ၁ ရက်နေ့မှ စတင်ပြီး ၎င်းစာရွက်ပါမှသာ လက်မှတ်များထုတ်ပေး၍ နယ်စပ် ဖြတ်သန်းခွင့်ပြုမည်ကို အသိပေး ကြေညာထားပြီး ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
မြဝတီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ပြည်သူ များ လွယ်ကူအဆင်ပြေချောမွေ့ စေရေးအတွက် အဆိုပါ UID စာရွက်ထုတ်ပေးရာတွင် နေ့စဉ် လာရောက် လျှောက်ထားသူ တစ်ထောင်ခန့်ရှိသော်လည်း စက် ငါးလုံးဖြင့်သာ ထုတ်ပေးရသဖြင့် တစ်နေ့ ဆောင်ရွက်ပြီးစီးမှုနှုန်း ၄၀၀ ခန့်ရှိ၍ တိုကင်စနစ်ဖြင့် နေ့အလိုက် ရက်သတ်မှတ်ပေးကာ ဆောင်ရွက်ပေးလျက်ရှိပြီး မေ ၁ ရက်မှ ၃ ရက်နေ့ထိ ၁၂၀၆ ဦး ပြီးစီးပြီဖြစ်ကြောင်းနှင့် အလားတူ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် UID ဆောင်ရွက်လိုသူများအတွက် နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ မိတ္တူတို့နှင့်အတူ သတ်မှတ်ပုံစံ ဖြည့်စွက်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)