
မြဝတီ ဩဂုတ် ၂
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးရှဉ့်၊ ပုစွန်၊ ငါးခွေးလျှာတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ ဖိနပ်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/ အမျိုးသမီးအဝတ် အထည်များ တင်ပို့ခဲ့သည်။
ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ဖိနပ်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။
ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်လာမှု နှင့်အတူ စားသုံးရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။
ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက် ရှိသည်။
သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေး၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ ဆေးဝါး၊ ထုပ်ပိုးခွံပစ္စည်းများ (Packing Materials)၊ လျှပ်စစ်ပစ္စည်း၊ စားသောက် ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အထည်ချုပ်(Garment)၊ ဓာတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံး ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ အိမ်သုတ်ဆေး၊ စက်ဆီ/ ချောဆီကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊ ငါးဖမ်းပစ္စည်း၊ စက်ဆီ/ချောဆီ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြားပစ္စည်းတို့ တင်သွင်းခဲ့သည်။
ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း ၁၀ မျိုးမှာ ပြောင်း ၂၀၁၄၂ ဒသမ ၉၆၄ တန်၊ ချုပ်ပြီးအထည် ၁၄ ဒသမ ၉၄၇ တန်၊ ကြက်သွန်နီ ၁၃၂၅ တန်၊ သတ္တုနှင့် သတ္တုရိုင်း ၁၅၂ တန်၊ ငရုတ်သီး(အစို) ၆၆၅ ဒသမ ၁၄၃ တန်၊ ငရုတ်သီး(ခြောက်) ၈၅ ဒသမ ၁၇၅ တန်၊ ဂေါ်ဖီထုပ် ၆၀၆ တန်၊ ငါးမျိုးစုံ ၇၁ ဒသမ ၄၇၀ တန်၊ မတ်ပဲ ၆၄ တန်နှင့် အခြားရေထွက်ပစ္စည်း ၄ ဒသမ ၈ တန်တို့ဖြစ်သည်။
ငွေစျေးနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် ၉၇ ဒသမ ၀၉ ကျပ်ဖြစ် ကြောင်း သိရှိရသည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၃၆၁ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၉၈ ဒသမ ၉၈၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄၄ ဒသမ ၃၄၁ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
စီးပွား/ကူးသန်း