မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှု အခြေအနေ

 

မြဝတီကုန်သွယ်ရေးဇုန်မှ  ထိုင်းနိုင်ငံသို့ နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ CMP ၊ လယ်ယာထွက်ကုန် ပစ္စည်း များအနေဖြင့်   ရေထွက်ပစ္စည်းများ   တင်ပို့မှုများ ရှိပြီး   လယ်ယာထွက်ကုန်ပစ္စည်းများမှ   ငရုတ်၊ ကြက်သွန်နီ၊  ဆန်ကွဲ၊  ဆန်မှုန့်၊  ဂေါ်ဖီထုပ်၊ ဝဥ (စို)၊ ရော်ဘာ၊ မတ်ပဲ၊ သီဟိုဠ်၊ ချင်းခြောက်၊ Cinnamon တို့ကိုလည်း တင်ပို့လျက်ရှိသည်။  ရေထွက်ကုန် ပစ္စည်းများမှာ ငါးပါးနီ၊ ငါးမွေထိုး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးမုတ်၊ ကဏန်း၊ ပုစွန်၊ ငါးပိတို့ တင်ပို့ လျက်ရှိသည်။ အဆိုပါ  ပို့ကုန်အမယ်များအနက် CMP ၊ ဆန်မှုန့်၊ မတ်ပဲ၊ ငါးပိ၊ ငရုတ်၊ Contact Image Sensor များကို     အများဆုံးတင်ပို့လျက်ရှိသည်။ ရေထွက်ကုန်ပစ္စည်းများအား     ကုန်သွယ်မှုလမ်း ကြောင်းတစ်လျှောက်   ကုန်သွယ်ရေးဇုန်၊   BCF တံတား-၂ တို့မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့  အမြန် ရောက်ရှိရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက် ရှိသည်။ ထိုနည်းတူ ကုန်စိမ်းပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင် ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 


သွင်းကုန်တင်သွင်းမှုအနေဖြင့်  ချည်ပိတ်လိပ် များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံ သုံးကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဆိုင်ကယ်အပို ပစ္စည်းများ၊ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည် များ၊သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန် ပစ္စည်း၊ ဖိနပ်အပို ပစ္စည်းများ၊ Gas ၊ Lubricant များ၊ အိမ်သုံးပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ စက်ဘီးများ၊ စာရေးကိရိယာများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ တင်သွင်းလျက်ရှိသည်။ ၎င်းအမယ်များ အနက်မှ  Garment ၊   ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊   စက်ရုံသုံးပစ္စည်း၊  စက်မှု ကုန်ကြမ်းပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်းများ၊ အလှ ကုန်များ၊ ချည်ပိတ်လိပ်များနှင့် ဆက်စပ်ပစ္စည်းများ၊ ဆပ်ပြာမှုန့်ကုန်ကြမ်း၊   ကော်စေ့၊   ပုလင်းခွံလွတ်၊ သွားတိုက်ဆေးကုန်ကြမ်းများကို အများဆုံးတင်သွင်း ခဲ့ကြောင်း သိရှိရသည်။ 

 


သွင်းကုန်တင်သွင်းသည့်  ကုန်သည်များအနေ ဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ် လျှင် ငွေကျပ်၆၇ ကျပ်အထိရှိခဲ့ပြီး လကုန်ပိုင်းတွင် တစ်ဘတ်လျှင် ငွေကျပ် ၇၉ ဒသမ ၃၆ ခန့်အထိ ဘတ်ဈေးနှုန်းများ    ပြန်လည်မြင့်တက်လာမှုကြောင့် ဘတ်ဈေးနှုန်းအပြောင်းအလဲပေါ်            မူတည်၍  သွင်းကုန်ပစ္စည်းများကို    ချိန်ဆတင်သွင်းလျက်ရှိ ကြောင်း  သတင်းရရှိသည်။              

မြဝတီကုန်သွယ်ရေးဇုန်