မူဆယ်၌ မိုးသည်းထန်ပြီးမြေပြိုမှုကြောင့် ထိခိုက်ပျက်စီးသည့်နေရာများအား ရဲတပ်ဖွဲ့ဝင်များ ရှင်းလင်းပေး

 

မူဆယ်   စက်တင်ဘာ   ၁၂


ရှမ်းပြည်နယ်      (မြောက်ပိုင်း)  မူဆယ်မြို့နယ်၌    စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်   နမ့်ပေါ် ကျေးရွာ      ဝေဠုဝန်ကျောင်းဝင်းရှိ ဆွမ်းစားဆောင်အပါအဝင်  လူနေ အိမ်အချို့နှင့် နယ်စပ်ဂိတ်နေရာ များတွင်        ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။


 အဆိုပါ      နေရာများအနက်  နမ့်ပေါ်      ဘုန်းကြီးကျောင်းဝင်း အတွင်း၌ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှ     ဒုတိယရဲမှူးကြီး   လှိုင်ကျော်မြင့်နှင် ဒုရဲမှူး အောင်သင်းဦးတို့ ဦးဆောင် သည့်        ရဲတပ်ဖွဲ့ဝင်များသည်   နမ့်ပေါ်ဘုန်းကြီးကျောင်းအတွင်း ရှိ   မြေပြိုကျမှုကြောင့်    ထိခိုက် ပျက်စီးသည့်      နေရာများအား ရှင်းလင်းပေးခြင်းတို့ကို     ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသည်။


အလားတူ       မူဆယ်ခရိုင်/မြို့နယ်အဆင့်ရှိ      ရဲတပ်ဖွဲ့ဝင် များသည်    (၅၉)   နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မူဆယ်မြို့၌ စက်တင်ဘာလ ပထမပတ်ကစ၍   အခြေခံ   လူတန်းစားများအား စားသောက်ကုန်များ      လှူဒါန်း ပေးခြင်း၊ ထမင်းဘူးများဝေငှခြင်း၊ ကျန်းမာရေးဌာနနေရာများတွင် လုပ်အားပေးခြင်းများ    ဝိုင်းဝန်း ကူညီပေးလျက်ရှိကြောင်း    သိရ သည်။  

သန့်ဇင် (မြန်မာ့အလင်း)