
မူဆယ် နိုဝင်ဘာ ၄
တရုတ်/မြန်မာနယ်စပ် မူဆယ် ခရိုင် မူဆယ်မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးက မိုင်းယု(၁၀၅)မိုင် ကျေးရွာ အုပ်စု အောက်နမ့်ဟွယ်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီ က ဇေယျမင်္ဂလာကျောင်းတိုက် မေတ္တာစံအိမ် ပရဟိတဂေဟာ၌ ကျင်းပသည်။
အဆိုပါ ပေးအပ်ပွဲအခမ်း အနားတွင် ကျေးရွာရှိ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ သော မေတ္တာစံအိမ်ပရဟိတ ဂေဟာ ကျောင်းသား ကျောင်းသူ များက နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၆၅ ဦးအား ပြုလုပ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မူဆယ်မြို့နယ် အတွင်း လုံခြုံရေးတာဝန်ယူဆောင် ထားသည့် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ဦးစီး) ဗိုလ်မှူးကြီး ဇေယျာလင်း၊ မူဆယ်ခရိုင် လူဝင် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးရဲရင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်လင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်မောင်တာတို့က ကတ်ပြားများကို လက်ရောက် ပေးအပ်ပြီး အဆိုပါကျောင်းတိုက် သို့ သင်္ကန်းနှင့် ဆန်၊ ဆီ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့သည်။
သန့်ဇင်(မူဆယ်)