
မူဆယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း ၍ ပန်းခင်းစီမံချက်နှင့် ပတ်သက် ၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို Community Center Room တွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။
အသိပညာပေး ဆွေးနွေးပွဲ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးအယ်လ်စိုးထန်တူးက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည် ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင် မောင်တာက ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် နိုင်ငံတော်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် များ၊ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ် ကိုင်ဆောင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသား ပြည်သူတို့၏ အကျိုးအတွက် မိမိတို့ဌာနမှ ပြည်သူများအား ဝန်ဆောင်မှုများပေးနေမှု အခြေ အနေများ၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် အသက် ၁၆ နှစ်မှ ၁၈ နှစ် နှင့်အထက် နိုင်ငံသားများကို နိုင်ငံ သား စိစစ်ရေးကတ်ပြားများ ဆောင် ရွက်ပေးနေမှုများကို အသိပညာ ပေး ဆွေးနွေးသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online စာမျက်နှာများမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အယ်လ်စိုး(မူဆယ်)