မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဧပြီ ၁ ရက်မှ ၁၈ ရက်အထိ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၇၃ ဒသမ ၇၇၈ သန်း ဆောင်ရွက်နိုင်ခဲ့

 

မူဆယ် (၁၀၅) မိုင်     ကုန်သွယ်ရေးဇုန်အနေဖြင့် ဧပြီ ၁၈ ရက်တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၉၃ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၄၉ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၇၄၂ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ မှာ ကဏန်း ၁၁ ဒသမ ၆ တန်၊ သခွားမွှေး  ၁၆၄ ဒသမ ၅ တန်၊ ဖရဲသီး ၃၄၉ တန်၊ ငရုတ်သီးခြောက် ၁၆ ဒသမ ၃ တန်၊ ငရုတ်သီးစို ၅၂ ဒသမ ၅ တန်၊ ငါးရှဉ့် ၃ ဒသမ ၆၄  တန်၊  ကြက်သွန်နီ ၃၃ တန်၊ သရက်သီး ၁၅ တန်၊  ဖရုံသီး ၁၆ ဒသမ ၅  တန်တို့ ဖြစ်သည်။

 


အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများ မှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ LED တီဗွီ၊ အိမ်ရိုက် သံ၊ ဘိလပ်မြေကုန်ကြမ်း (ဓာတုမှုန့်)၊ ကြမ်းခင်း ကြွေပြား၊ လိမ္မော်သီး၊ အပူခံသံပြား၊ စက်ပတ်ကြိုး၊ အတွင်းခံအင်္ကျီ၊ ကော်ရည်တို့ဖြစ်သည်။

 


ဧပြီ ၁  ရက်မှ  ၁၈ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂၉၆ သန်း၊ သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၈ ဒသမ ၄၈၂  သန်း၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇၇၈ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် ၃၀၅ ဒသမ ၂၅၄  ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှု လမ်းကြောင်း   ကောင်းမွန်လျက်ရှိကြောင်း  သိရ သည်။