
မူဆယ် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ဈေးသူ ဈေးသားများအား ကိုဗစ် ရောဂါ စစ်ဆေးပေးခြင်းနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇော်လင်း၏ စီမံခန့်ခွဲ မှုဖြင့် မူဆယ်မြို့ စည်ပင်သာယာရေးအဖွဲ့၊ မူဆယ်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မျိုးထက်၊ ဦးစီးအရာရှိ ဒေါက်တာအောင်ကျော်ဇောတို့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ (၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ဆိုင်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ ရပ်ဖများ စသည့် ပူးပေါင်းပါဝင်သည့်အဖွဲ့သည် နံနက်ပိုင်းမှစတင်ကာ မူဆယ် မြို့နယ် မိုင်းယု (၁၀၅) မိုင် ငါးရက်တစ်ပတ်ဈေးအနီးရှိ စုစည်းရပ်ကွက် လူငယ်ဇရပ်တွင် ဈေးသူဈေးသားများအား၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အာခေါင်တို့ဖတ်များယူပြီး PCR စက်ဖြင့် စမ်းသပ် စစ်ဆေးပေးခြင်းများ ကို ဆောင်ရွက်ပေးရာ ညနေပိုင်းအထိ ဈေးသူဈေးသား စုစုပေါင်း ၃၇၆ ဦး စစ်ဆေးဆောင်ရွက်ပြီးကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)