မုန်တိုင်းသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်ပြင်ဆင်

 

ကော့သောင်း   စက်တင်ဘာ    ၃


သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မုန်တိုင်း ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ် ရေးနှင့် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများကို ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော့သောင်း ခရိုင်နှင့်    မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့်   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကော့သောင်း ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကော့သောင်းမြို့  ပုလုံးတုံတုံးပင်လယ်ကျေးရွာတွင် ယမန်နေ့  နံနက်ပိုင်းက မုန်တိုင်းသဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။      

 


သရုပ်ပြလေ့ကျင့်မှုတွင် ကော့သောင်း မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊       မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန   ဝန်ထမ်းများ၊     ကော့သောင်းခရိုင်     ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်    ဝန်ထမ်းများ၊   ခရိုင် မီးသတ်ဦးစီးဌာနမှူးနှင့်    မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ကျေးရွာပြည်သူများ ပူးပေါင်းကာ   မိုးရာသီအတွင်း  ဖြစ်ပေါ် လေ့ရှိသည့် မုန်တိုင်းဘေးအန္တရာယ် မကျ ရောက်မီ     သတင်းအချက်အလက်များ ကြိုတင်သိရှိနိုင်မည့်        နည်းလမ်းများ၊ ကျေးရွာပြည်သူများ     ဘေးလွတ်ရာသို့ ဆောလျင်စွာ  ရွှေ့ပြောင်းပုံနည်းစနစ်များ၊     ဘေးအန္တရာယ်အား         တုံ့ပြန်ရင်ဆိုင် ရမည့်  နည်းလမ်းများ၊    အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးပြုစု     စောင့်ရှောက်ပေးမှု လုပ်ငန်းများ၊ မုန်တိုင်းဒဏ်ကြောင့် အပျက် အစီးများအကြား     ပိတ်မိနေသူများနှင့် ပင်လယ်ပြင်အတွင်း   ရေယာဉ်နှင့်  ရေနစ် သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေ ကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဘေးလွတ် ရာသို့ ပို့ဆောင် ခြင်း   စသည့်လုပ်ငန်းများအား  သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


  ကျော်စိုး (ကော့သောင်း)