မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲပြုလုပ်

 

နေပြည်တော်   မေ   ၁၇


မုန်တိုင်းဒဏ်သင့်ဒေသများ၌    ကူညီ ကယ်ဆယ်ရေးနှင့်     ပြန်လည်ထူထောင် ရေးလုပ်ငန်းများ        ဆောင်ရွက်နိုင်ရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းကို    ယနေ့မွန်းလွဲတွင်    မန္တလေး မြို့တော်   စည်ပင်သာယာရေးကော်မတီ (၆)ထပ်ဆောင်   အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်ချုပ်  ကိုကိုဦး၊  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ    တက်ရောက် ကြသည်။ 

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ         စကားပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ် သိန်းပေါင်း ၄၆၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။                                

သတင်းစဉ်