
မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ
၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။
၂။ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက် စာတမ်းများကို မိမိနှင့်အတူ ထားရှိပါ။
၃။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ် ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။
၄။ မုန်တိုင်းဒီရေကို အထူးဂရုပြုပါ။
၅။ သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ ခိုလှုံပါ။
မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ
၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။
၂။ မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း မကြာမီအချိန်အတွင်း ဆန့်ကျင်ဘက်အရပ်မှ ပိုမို ပြင်းထန်သည့်လေများ တိုက်ခတ်လာနိုင်သည်ကို သတိပြုပါ။
၃။ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာအစိုးရ ဌာနမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံသော နေရာတွင် နေထိုင်ပါ။
မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ
၁။ တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်း မပြုလုပ်ပါနှင့်။
၂။ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း မပြုလုပ်ပါနှင့်။
၃။ လေမုန်တိုင်းအနည်းငယ် အားလျော့သွားချိန်တွင် အိမ်အပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား၊ ကမ်းနဖူး သို့ သွားရောက်ခြင်းမပြုပါနှင့်။